အပိုင်း(၅၇) ဒိဗ္ဗစက္ခု ပိတ်သွားပြီ

529 95 3
                                    

Unicode

"ပိုင်ယိ ငါနင့်ကိုပြောစရာရှိတယ်" ယောင်စစ်သူ့ကိုအထင်လွဲနေတဲ့အတိုင်းကြီးဆက်လွှတ်ထားလို့တော့မဖြစ်တော့ဘူး။ နားလည်အောင်ရှင်းပြမှဖြစ်တော့မယ်။

"ဟမ်...ဘာလဲ? အရမ်းအရေးမကြီးရင်နောက်မှပြော"

"မရဘူး!" နင့်စိတ်ထဲမှာ18+တွေတွေးနေတာသိတာတောင် ဒီအတိုင်းထားထားလိုက်စရာလား!!  "ငါပြောမယ် နားထောင်! ပထမအချက်က ငါကကုရှူးချန်ကိုစိတ်ကူးနဲ့တောင်မပစ်မှားဖူးဘူး။ သူသည်ငါ့အတွက်တော့တူလေးတစ်ယောက်လိုပဲ။ ဒုတိယအချက် ငါကနင့်လိုပဲ သွေးစုတ်ဖုတ်ကောင်တစ်ယောက်...ဟုတ်ပြီလား"

"ခင်ဗျားက?? သွေးစုတ်ဖုတ်ကောင်??" ပိုင်ယိကသူ့ကိုခြေဆုံးခေါင်းဆုံးကြည့်လိုက်တယ်   "ခင်ဗျားသာသွေးစုပ်ဖုတ်ကောင်ဆို မူလတန်းကနေစတက်ပါ့မလား...စဉ်းစားပြော"

"အာ..." ယောင်စစ်ပြောစရာစရာမရှိဖြစ်သွားတယ်။
ဒီကိစ္စကြီးကိုအစပြန်မဖော်လို့မရဘူးလားဟင်?
"အဲ...နည်းနည်းတော့ရှင်းပြရခက်တယ်။ ဒီအတိုင်း ဘဝမှာအတွေ့အကြုံအစုံလိုချင်လို့ လို့ပဲဆိုပါတော့"

"အဲ့တာဆို ဘာလို့ကျုပ်တို့ဆီကိုသွေးစုတ်ဖုတ်ကောင်တစ်ယောက်ကျောင်းကိုရောက်လာမယ့်အကြောင်း အကြောင်းကြားစာမရောက်ရတာလဲ"

"အာ...အမ်...အတွေ့အကြုံလိုချင်လို့လာတယ်ဆိုမှတော့ ငါ့ရဲ့တကယ့်သရုပ်မှန်ကို လူသိခံလို့ဘယ်ဖြစ်မလဲ"  ယောင်စစ်သူ့ခေါင်းထဲပေါ်လာတဲ့ ဘဲဥမကွဲတဲ့ဝင်ခွင့်အမှတ်စာရင်းကိုဘေးဖယ်လိုက်ရင်း ဆက်ပြောလိုက်တယ်   "ကုရှူးချန်ငါ့က်ိုဂရုစိုက်ပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံနေတာက ငါကသူ့ထက်မျိုးဆက်မြင့်လို့သက်သက်ပဲ။ အခြားဘာမှမပါဘူး"

"လာအာချောင်မနေနဲ့!" ပိုင်ယိကတစ်စက်လေးတောင်မှယုံတဲ့ပုံမပြဘူး  "ကျောင်းမှာသူ့ထက်မျိုးဆက်မြင့်တဲ့သူတွေမှအများကြီး၊ အဲ့လူတွေနား ယောင်လို့တောင်မသီပါဘူး"  
ခင်ဗျားကိုပဲကလေးလေးလိုယုယနေတာ!!

"ကြည့်ရတာငါ့မျိုးဆက်ကအတော်လေးရှေ့ရောက်လို့နေမှာပေါ့"

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Where stories live. Discover now