Unicode
ကြေညာချက်ကို ၃ကြိမ်မြောက်နားထောင်ပြီးတဲ့နောက်မှာတော့ ကုရှူးချန်ဟာ သံပတ်အပေးခံလိုက်ရတဲ့အရုပ်တစ်ရုပ်လို ချက်ချင်းအသက်ဝင်လာပြီး ယောင်စစ်ကို ပင်မခန်းမဆောင်ဆီဦးတည်ခေါ်ဆောင်သွားတော့တယ်။
ပင်မခန်းမဆောင်က စာရင်းသွင်းရတဲ့နေရာနဲ့အရမ်းမဝေးတာမို့ မိနစ်အနည်းငယ်အတွင်းမှာပဲ ခပ်ဝိုင်းဝိုင်းသဏ္ဍာန်ရှိတဲ့ဧရာမအဆောက်အဦးတစ်ခုဆီရောက်လာခဲ့ကြတယ်။ သူတို့အထဲရောက်သွားတော့ခန်းမကြီးထဲမှာ ကျောင်းသားတွေအယောက်တစ်သိန်းလောက်ရောက်နှင့်နေပြီးနေရာလွတ်မရှိတော့သလောက်ဖြစ်နေပြီ။ အင်းပေါ့လေ ထိပ်တန်းကျောင်းဆိုမှတော့ လူဒီလောက်များတာ ဆန်းမနေပါဘူးလေ။
ကုရှူးချန်က ယောင်စစ်ကိုခန်းမရဲ့ဘယ်ဘက်လျှောက်လမ်းကနေ ဦးဆောင်ပြီးခေါ်သွားတယ်။ ကံကောင်းချင်တော့ လူဒီလောက်ပြည့်ကျပ်နေတဲ့ခန်းမကြီးထဲမှာမှ အရှေ့နားလေးမှာနေရာလွတ်ရှာတွေ့သွားလေရဲ့။ ယောင်စစ်ပတ်ပတ်လည်ခုံတွေအားလုံးနေရာလွတ်မရှိသလောက်ဖြစ်နေပြီး ယောင်စစ်နဲ့ဆင်တူ အစိမ်းရောင်ကျောင်းဝတ်စုံဝတ်ထားတဲ့သူတွေအပြည့် နေရာယူထားတယ်။
ဒါပေမယ့် ယောင်စစ်ညာဘက်မှာထိုင်နေတဲ့ ကုရှူးချန်ကတော့ အပြာရောင်ဝတ်ထားတာကို အခုမှပဲသတိထားမိလိုက်တယ်။ ပြီးတော့သူတို့၂ယောက် နေရာကိုယ်စီယူပြီးသွားတာနဲ့ ချက်ချင်းဆိုသလို အနီးအနားလေးက ပွက်လောရိုက်နေတဲ့ကျောင်းသားတွေအကုန် သိသိသာသာငြိမ်ကျသွားပြီး သူတို့၂ယောက်ကိို မကြာမကြာချောင်းကြည့်နေကြတာကို ယောင်စစ်ခံစားမိနေတယ်။
အဲ့တာနဲ့ပဲယောင်စစ် ခန်းမထဲကိုနည်းနည်းပါးပါးအကဲခတ်ကြည့်လိုက်တယ်။ ခန်းမကြီးထဲမှာခုံတွေကို အပိုင်း၃ပိုင်းခွဲထားပြီး ဘယ်ဘက်အစွန်ဆုံးအတန်းကယောင်စစ်လိုမျိုး အစိမ်းရောင်ကျောင်းဝတ်စုံဝတ်ထားတဲ့သူတွေနဲ့ပြည့်နေတယ်။ အလယ်အတန်းမှာတော့ အဖြူနဲ့အဝါစပ်ထားတဲ့ကျောင်းဝတ်စုံနဲ့ကျောင်းသားတွေထိုင်နေကြပြီး ညာဘက်အစွန်မှာတော့ ကုရှူးချန်လို အပြာဝတ်ကျောင်းသားတွေရှိနေကြတယ်။ အဲ့တော့ကြည့်ရတာ ဒီမှာကျောင်းသားတွေကို ယူနီဖောင်းအရောင်နဲ့ခွဲကြပုံရတယ်။
VOCÊ ESTÁ LENDO
ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )
Humorကျပ်မပြည့်တဲ့အဖေနဲ့ ကျပ်မပြည့်တဲ့သမီးနဲ့ပေါင်းပြီး တူတူကျပ်မပြည့်ကြတဲ့ဇာတ်လမ်းလေးပါ :3 ကျပ်မပြည့်တဲ့အဖေနဲ့ ကျပ်မပြည့်တဲ့သမီးနဲ့ပေါင်းပြီး တူတူကျပ်မပြည့်ကြတဲ့ဇာတ်လမ်းလေးပါ :3 please don't reupload my works :') Myanmar translated by Jue🌸