အပိိုင်း(၅၁) တမင်အကွက်ချစီစဉ်ထားသလိုပေါ်လာသောပြဿနာများ

1.3K 285 19
                                    

Unicode

ယောင်စစ် စင်အလယ်ကို အတောင့်လိုက်ကြီးလျှောက်သွားပြီး သူ့ကိုယ်သူမိတ်ဆက်လိုက်တယ် "အာလုံးပဲမင်္ဂလာပါ...ကျွန်မနာမည် ယောင်စစ်ပါ"

    ခုနကခန်းမတစ်ခုလုံးပွက်လောရိုက်နေတာက၂ဆလောက်ပိုဆိုးသွားပြီး ဓားသွားလိုထက်၊နဂါးမျက်စောင်းလိုစူးရှတဲ့အကြည့်တွေဟာ(အထူးသဖြင့် မိိန်းမသားထုကြီးဆီိကပေါ့လေ) ယောင်စစ်အပေါ်ကို စုပြုံကျရောက်လာတယ်။ မျက်စောင်းနဲ့သာလူသတ်လို့ရမယ်ဆို ယောင်စစ်ဘယ်နှဘဝတောင်ပြောင်းပြီးနေမယ်မှန်းမသိဘူး။ တူလေးကုရေ...နင်လုပ်ထားတဲ့ပြဿနာ နင်လာရှင်းဖို့အစီအစဉ်မရှိဘူးလား...ဟမ်?!!နင်...မှတ်ထားနော်!!!

    "ဟဲဟဲဟဲ...ဥက္ကဌကုကိုယ်တိုင်ကပါ တင်မြောက်လိုတဲ့ကျောင်းသားဆိုတော့ အလွန်အင်မတန်မှထူးချွန်တဲ့ကျောင်းသားပဲဖြစ်ရမယ်"အခမ်းအနားမှူးကရယ်လိုက်ရင်း ယောင်စစ်ဆီကိုဦးတည်ပြီးလျှောက်လာတယ် " ဥက္ကဌကုနဲ့ ယှဉ်ပြီးအရွေးခံမယ့် တစ်ဦးတည်းသောပြိုင်ဖက်ဖြစ်တဲ့အပြင် မူလတန်းကျောင်းသူတစ်ယောက်လည်းဖြစ်နေသေးတဲ့ ဒီကမိန်းကလေးအနေနဲ့ ဘယ်လိုအထူးစွမ်းရည်တွေများပိုင်ဆိုင်ထားပါသလဲခင်ဗျာ။ ကျွန်တော်တို့ သိခွင့်ကလေးများရနိုင်မလား"

    ယောင်စစ် တစ်ကိုယ်လုံးတောင့်တင်းသွားတယ် "ကျ..ကျွန်မဆီမှာ..ဘာစွမ်းရည်မှမရှိပါဘူး" တကယ်ဘာဆိုဘာမှမရှိတာကို!!!

    "ကောင်းလိုက်တာ!!! အရမ်းကောင်းတယ်!!!"

    ယောင်စစ်စကားသံအဆုံးမှာ ကုရှူးချန်က လက်ခုပ်အရူးအမူးထတီးလိုက်တယ်။ ငါတို့သခင်မလေးလို့မပြောရဘူး။ သူပြောသမျှစကားတိုင်းဟာ ငါတို့လိုသာမန်ဉာဏ်ရည်တွေနဲ့ လိုက်မမှီနိုင်ဘူးပဲ!!!

    ယောင်စစ်, "....."

    အခမ်းအနားမှူး, "....."

    ကောင်စီအဖွဲ့ဝင်များ, "....."

    ကျောင်းသားကျောင်းသူများ, "....."

    တူလေးကုရေ...နင့်ကို ငါ့စောက်ရှက်လိုက်ခွဲဖို့ချည်းပဲသက်သက် ထည့်ပေးလိုက်တာလားဟင်??

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Where stories live. Discover now