အပိုင်း-၅ (ဂြိုဟ်ကြီးတစ်လုံးပြိုကွဲခြင်း)

2.2K 357 5
                                    

Unicode

စကြဝဠာသက္ကရာဇ် ၉၅၁၆ခုနှစ်....

"အရာရှိကြီးခင်ဗျ ဂြိုဟ်အဆုံးသတ်ခြင်းအစီအစဉ် အသင့်ဖြစ်နေပါပြီ။ အရာရှိကြီးကြိုက်တဲ့အချိန် စတင်လို့ရပါပြီ"

"ကောင်းပြီ" အာကာသစခန်းအမှတ် ၃၃၃ရဲ့အရာရှိ လုရန်က သူရဲ့ခုံကနေထလိုက်ရင်း သူ့ရှေ့ကဧရာမအမည်းရောင်အရာဝတ္ထုကြီးကို ကြည့်လိုက်တယ်။ ပြီးတော့သူ့နောက်က တင်ပြနေတဲ့သူ့လက်ထောက်ကို လှည့်ကြည့်ပြီး "ဂြိုဟ်တစ်ခုလုံးကိုသေချာscanဖတ်ပြီးပြီလား"

"ပြီးပါပြီ"

"ဘယ်နှစ်ကြိမ်လဲ"

"သုံးကြိမ်ပါ။ အသက်ရှင်နေတဲ့လက္ခဏာတစ်ခုမှ မတွေ့ရပါဘူး"

"အသက်ရှင်နေတဲ့လက္ခဏာ?" သူ့မျက်ခုံးတွေတွန့်သွားတယ်

"ကျွန်တော်တို့ ဇီဝသက်ရှိလို့ယူဆရတဲ့လက္ခဏာလည်း တစ်ခုမှရှာမတွေ့ပါဘူး" သူ့အရာရှိဘာကိုဆိုလိုချင်နေတာလဲသိလို့ ချက်ချင်းထပ်ပြောလိုက်တယ်

"ကောင်းပြီ" လုရန်နောက်ဆုံးမှာတော့ အသက်ရှူချောင်သွားတယ်။ "မင်းအဲ့ဒီscanတွေကို သေသေချာချာလုပ်ရဲ့လား။ တခုခုလွဲသွားရင် အကျိုးဆက်တွေကို ငါတို့ခံနိုင်မှာမဟုတ်ဘူးနော်"

"ဟုတ်ကဲ့ အမှားမရှိအောင်သေချာလုပ်လိုက်ပါ့မယ်"

"အဲ့တာနဲ့မလုံလောက်သေးဘူးကွ" လုရန် ထအော်လိုက်တယ် "တစ်ရာ ရာခိုင်နှုန်း လုံးဝ အမှားမရှိအောင်လုပ်ရမှာ"
"ဟုတ်ကဲ့ပါ အရာရှိ"

"ကောင်းတယ်"  အဲ့ကျတော့မှပဲ လုရန်ကျေကျေနပ်နပ်ခေါင်းငြိမ့်နိုင်တော့တယ်။ "စကားမစပ် သိပ်မကြာခင်ကရှာတွေ့ထားတဲ့ သတိမေ့နေတဲ့တစ်ယောက်ရော အခြေအနေဘယ်လိုလဲ။ ဘယ်မျိုးနွယ်ကလည်းဆိုတာ သိရပြီလား"

"သူမ သတိရနေတာ ရက်အနည်းငယ်ရှိပါပြီ။ လက်ထောက်က သူ့လက်မှာပတ်ထားတဲ့ ကွန်ပျူတာလက်ပတ်ကလေးကိုဖွင့်ပြီး အရာရှိဆီကို အချက်အလက်တွေလွှဲပြောင်းပေးလိုက်တယ်။ "ဆေးအဖွဲ့ကသူမကို စစ်ဆေးပြီးပါပြီ။ ပြင်ပဒဏ်ရာတစ်ခုမှမရှိပေမယ့် အချိန်အကြာကြီး သတိမေ့နေခဲ့တာမို့ ဦးနှောက်ကကောင်းကောင်းအလုပ်မလုပ်နိုင်သေးပါဘူး။ လောလောဆယ် သူ့ကိုယ်သူ ဘာမျိုးနွယ်လဲဆိုတာ သတိမရသေးဘူး"

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Tempat cerita menjadi hidup. Temukan sekarang