အပိုင်း-၃၀ (မျိုးနွယ်နှစ်ခုအကြားမှတိုက်ပွဲ)

1.8K 279 6
                                    

Unicode

ကျယ်လောင်လွန်းလှတဲ့စကားသံကြီး ရပ်သွားတာနဲ့မရှေးမနှောင်းမှာပဲ မြေပြင်ကြီးဟာ ပြင်းအား10.0လောက်ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်နေသလို တုန်ခါသွားပြန်တယ်။ ခုနလေးကတင် ကြည်လင်ပြီးသာယာနေတဲ့ကောင်းကင်ကြီးကလည်း တစ်ခုခုနဲ့ကာဆီးလိုက်သလို မည်းမှောင်လာတယ်

"မိုးကြိုးသစ်တောရဲ့ အရှင်သခင်ကြီးပဲ!" စတုတ္ထအကြီးအကဲက နန်းတော်ရှေ့က ခြံဝန်းလေးထဲကိုလျှောက်သွားရင်းနဲ့ ရေရွတ်လိုက်တယ်။ ပြီးတော့မှ ဝေခွဲမရဖြစ်နေတဲ့မျက်နှာထားနဲ့ ကောင်းကင်ကိုမော့ကြည့်ရင်း "သူကဒီကိုဘာလာလုပ်တာလဲ"

'သောက်ကျိုးနည်း မိုးကြိုးသစ်တောရဲ့ အရှင်သခင်ကြီးဆိုတာ ဘယ်သူကြီးလဲဟ' ယောင်စစ်လည်းသိချင်စိတ်ကိုထိန်းမထားနိုင်တော့ပဲ စတုတ္ထအကြီးအကဲနောက်ကနေ လိုက်ထွက်လာပြီး သူကြည့်နေတဲ့နေရာကို လိုက်ပြီးမော့ကြည့်လိုက်တယ်

'နင့်မေကလွှား....သစ်...သစ်ပင်မကောင်းဆိုးဝါးကြီးဟ!!
(⊙ o ⊙ )'

ဘယ်နေရာကရောက်လာလဲဆိုတာ ဘုရားသခင်ပဲသိလောက်မယ့် ဧရာမဂြိုဟ်ကြီးတစ်လုံးက သူတို့အပေါ်မှာဘွားကနဲပေါ်လာတယ်။ အဲ့တာကြီးက အရမ်းနီးလွန်းလို့ ကောင်းကင်ကြီးတစ်ခုလုံး ပြည့်နှက်နေပြီး နေရောင်ခြည်မမြင်ရအောင် ကာထားသလိုဖြစ်နေတယ်။ ကြည့်ရတာ ယောင်စစ်တို့ဂြိုဟ်နဲ့ အချိန်မရွေးဝင်တိုက်မိတော့မယ်လို့ထင်နေရတယ်

အဲ့တာထက်ပိုပြီးထူးဆန်းတာက အဲ့ဒီ 'ဘယ်ကရောက်လာလဲဆိုတာဘုရားသခင်ပဲသိမယ့်'ဂြိုဟ်ကြီးရဲ့ အစိတ်အပိုင်းအများစုက ထိုးထိုးထောင်ထောင်နဲ့ ထီးထီးကြီးဖြစ်နေတဲ့ အပင်ကြီးပဲ။ အဲ့အပင်ကြီးရဲ့အမြစ်တွေက ဂြိုဟ်ကြီးတစ်ခုလုံးကို ရစ်ပတ်ကုပ်တွယ်ထားပြီး ထူထဲလှတဲ့အရွက်ဖားဖားကြီးတွေက ဂြိုဟ်ကြီးတစ်ခုလုံးကို အစိမ်းရောင်စောင်ကြီး ခြုံပေးထားသလိုပဲ

'နေပါဦး...မဟုတ်မှလွဲရော အဲ့ဒီမိုးကြိုးသစ်တောအရှင်သခင်ကြီးဆိုတာ......ဒီဂြိုဟ်ကြီးတစ်ခုလုံးကိုပြောတာလား!!'

"ချွီကျဲ့...ခွေးမသား..ထွက်ခဲ့စမ်း"

မိုးခြိမ်းသံတမျှမြည်ဟည်းနေတဲ့ အသံကြီးက ဂြိုဟ်ကြီးရဲ့အတွင်းထဲကလာနေသလို ဂြိုဟ်တစ်ခုလုံးမြည်ဟည်းနေတယ်။ စကားပြောနေတဲ့သူရဲ့အသံက ကျယ်လောင်ပြီးပြတ်သားလွန်းလို့ အနီရောင်ဂြိုဟ်ကြီးရဲ့မျက်နှာပြင်ပေါ်မှာ လေပြင်းတွေလှိုင်းထသလိုတိုက်ခတ်ပဲ့တင်နေပြီး အဆောက်အဦးတွေတောင် လှုပ်ခတ်နေတယ်

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Wo Geschichten leben. Entdecke jetzt