အပိုင်း-၁၂ (ပညာအလင်းပြခြင်းကျောင်း)

1.9K 319 9
                                    

Unicode

ယောင်စစ် အနီရောင်ဂြိုဟ်ပေါ်ကိုရောက်နေတာ သုံးလေးရက်လောက်ရှိနေပြီဆိုပေမယ့် ယန်ရွှမ်ကို ဆရာဝန်နဲ့တူတဲ့လူတစ်ယောက်ကိုခေါ်လာပြီး မျိုးဆက်စစ်ဆေးဖို့ သွေးနမူနာလာယူတဲ့ တစ်ကြိမ်ပဲထပ်တွေ့ရသေးတယ်။ ဒုတိယအကြိမ်ထပ်တွေ့ရတာကတော့ အနီရောင်ဂြိုဟ်ပေါ်ရောက်ပြီး ငါးရက်မြောက်နေ့မှာပဲ

"ကလေးလေး စာသင်ချင်လားဟင်" ယန်ရွှမ် ယောင်စစ်ရဲ့ပခုံးလေးကိုပုတ်ပြီးမေးတယ် "ကျောင်းသွားပြီး သူငယ်ချင်းအသစ်တွေနဲ့သွားတွေ့မယ်ဆိုရင်ရော ဘယ်လိုလဲ"

'ကျောင်း!!' ယောင်စစ်ရဲ့မျက်လုံးတွေအရောင်လက်သွားတယ်

ဒီလိုတိုးတက်နေတဲ့စကြဝဠာခေတ်ကြီးမှာ မတက်မနေရကျောင်းစနစ်ရှိနေလိမ့်ဦးမယ်လို့ မထင်ထားတာအမှန်ပဲ။ 'ဒီခေတ်ကြီးအတွက်တော့ စာမတတ်ပေမတတ်တစ်ယောက်ဖြစ်နေသေးတဲ့ငါလေးက ကျောင်းသွားပြီး သာမန်ဗဟုသုတလောက်တော့ သွားသင်ရမှာပေါ့လေ'

"ကျေးဇူးပါ ဦးလေးယန်"

ယန်ရွှမ်ရဲ့မျက်နှာမှာ ယောင်စစ်စာသင်ဖို့ တက်ကြွနေတာမြင်ပြီး ကျေနပ်နေတဲ့အပြုံးကြီးပေါ်လာတယ်။ ပြီးတော့နည်းနည်းလေးမှတွေဝေမနေဘဲ ချက်ချင်းတံခါးဝကနေဦးဆောင်ပြီးထွက်သွားတယ်။ တော်သေးတာပေါ့ သူတို့ဒီဂြိုဟ်ကိုလာတုန်းသုံးကသုံးခဲ့တဲ့ ဓားပျံစီးတဲ့နည်းကြီးထက်စာရင် ဒီတစ်ခေါက်မှာတော့ယန်ရွှမ်က နည်းပညာပိုမြင့်တယ်ထင်ရတဲ့ယာဉ်ကို သုံးပေလို့

ယန်ရွှမ်က ယောင်စစ်ကို လမ်းလို့ထင်ရတဲ့နေရာတစ်ခုရဲ့ ဘေးကိုခေါ်သွားပြီး သူမနဲ့အတူ အဖြူရောင်ကြက်ခြေခတ်သင်္ကေတတစ်ခုပေါ်မှာရပ်လိုက်တယ်။ သူတို့တည်တည်ငြိမ်ငြိမ်ရပ်လို့ပြီးတာနဲ့ သူတို့ရပ်နေတဲ့ကြက်ခြေခတ်ပုံစံက အသံတိုးတိုးလေးထွက်လာတယ်။ သူတို့၂ယောက်ရဲ့ဘေး၂မီတာပတ်လည်လောက်က လေးထောင့်ကွက်ပုံစံအကွက်လေးတစ်ကွက်ဖြစ်သွားပြီး မြေပြင်ပေါ်ကနေဓာတ်လှေကားလိုမျိုး ကြွတက်လာတယ်။ အနည်းငယ်မြှင့်သွားပြီးတဲ့နောက် ရှေ့က အတော်လေးမြန်တဲ့အရှိန်နဲ့ရွေ့သွားတယ်။

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Dove le storie prendono vita. Scoprilo ora