EPISODE 38

370 59 55
                                    

Zawgyi

~Omma က ထပ်ပြီးမှာလိုက်တာရှိတယ်၊ ၂ယောက်လုံး ဝေးဝေးမှာ နေကြဖို့နဲ့ မျက်စိအမြင်မှာအတူဆုံနေတာမျိုး မရှိဖို့ သတိထားနေပါဆိုတာ ပြောလိုက်တယ်~

~သူ့မျက်စိရှေ့မှာ တွေ့ရင် ၂ယောက်လုံးကို တသက်လုံး ခွင့်လွှတ်မှာ မဟုတ်တဲ့ အကြောင်းလည်းပါသေးလို့ ဆိုဟီးလည်း စိတ်မကောင်းပေမယ့် ဒီရက်ပိုင်းတော့ အားလုံးပဲ Omma သဘောအတိုင်း နေကြ
မှ ဖြစ်မယ်ထင်တယ်~

နားထဲမှာ ထပ်ခါထပ်ခါ ကြာနေမိသေးသည့် စကားလုံးတွေကြောင့် စိတ်ရှုပ်ထွေးစွာဖြင့် ဆူဟို ဆံပင်တွေကို ဆွဲဖွသည်။

ဆူဟို အချိန်တော်တော်ကြာ အခန်းထဲမှာ
အောင်းနေရင်း အဖြေတစ်ခုကို မရမက ရှာနေသည်။ နေ့လည်စာလည်း မစားနိုင်ပဲ ညနေရောက်တဲ့အထိ ဦးနှောက်တစ်ခုလုံး ထူပူတဲ့အထိ စဉ်းစားနေတာတောင် ဘယ်လိုမှ စဉ်းစားလို့မရတော့သည်မို့ စိတ်ရှုပ်ပြီး ကိုယ့်ကိုကိုယ်သာအပြစ်တင်နေမိသည်။

"တကယ်ပဲ ဘယ်လိုကြောင့်...."

အားမလို အားမရ ဖြစ်မှုတွေ၊ စိတ်ပင်ပန်းမ
ှုတွေနဲ့ လူလည်း အားအင်တောင် ပျောက်ဆုံးလုနီးနီး။ခဏခဏအာရုံထဲရောက်လာသည့် Omma ရဲ့ စကားတွေကြောင့် ဆူဟို့မှာရှေ့ဆက်ဖို့ မဖြစ်နိုင်တော့တဲ့ အတိုင်း။

~ဘယ်လိုနည်းနဲ့မှ Omma သဘောမတူနိုင်ဘူး ငါ့သား၊မင်းအမေကို တကယ်ချစ်ရင် ပြောတဲ့အတိုင်း နားထောင်ပါ~

~လူတွေအကြောင်း မင်းအခုထိ ဘာမှမသိသေးဘူး၊ ဒါပေမယ့် အရွယ်ရောက်နေပြီဖြစ်တဲ့ လူငယ်တယောက်အနေနဲ့ မင်းဘက်က ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ဒါကြောင့်မင်းကြိုက်တာရွေးပါ၊ အေး...ရွေးပြီးရင်တော့ နောင်တမရစေနဲ့~

နောက်တခါထပ်ပြီး Omma ရဲ့ အခန်းထဲထိလိုက်ပြီး ခွင့်မပြုရတဲ့ အကြောင်းကိုမေးတော့ ဖြေပေးလိုက်တဲ့စကားလုံးတွေက ဒီတသက် ပြောင်းလဲဖို့မဖြစ်နိုင်တော့သလို တိကျတဲ့ အကြောင်းအရင်းကိုမေးတော့လည်း
ပွင့်ပွင့်လင်းလင်းမပြောပြလို့ လူလည်း ရူးတော့မလိုပါပဲ။

~သူဌေးကျန်းမဟုတ်တဲ့ တခြားသူဆိုရင်တောင် ငါလက်ခံပေးဖို့ ဖြစ်ချင်ဖြစ်လိမ့်မယ်၊ သူဌေးကျန်းလိုလူမျိုးတော့ ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူးဆိုတာ မြဲမြဲမှတ်ထားလိုက်~

COTTON CANDYWhere stories live. Discover now