Zawgyi
"အရင်ဆုံး လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးထား လိုက်ကြ၊ ပြီးပြီဆိုရင် ဆူဟိုက ဆိုးလ်ကို ပြန်နှင့်၊ နောက် ၃လကြာမှ တရားဝင်မင်္ဂလာပွဲလုပ်ပေးမယ်"
အမိန့်ပေးသည်ဟု မပြောရုံတမယ် တခွန်းချင်းကျနစွာ လိုရင်းတိုရှင်းပြောလိုက်သည့် ယောက္ခမလောင်း၏ စကားကြောင့် ဆူဟို ငိုင်ကျသွားသည်။ သို့သော် စက္ကန့်ပိုင်း အတွင်း ပြန်၍ သတိကပ်နိုင်ခဲ့သည်၊ အကြောင်းမှာ အနားမှာ ဦးရှိနေသည့်အတွက်။ ဆတ်ဆတ်ထိမခံဖြစ်နေသည့် ဦးရဲ့ စိတ်ကြောင့် သူသာ အမူမဲ့အမှတ်မဲ့ မျက်နှာထားပြောင်းလဲကြည့်မိလို့ ကတော့ လက်ရှိမှာ ထပ်ပြီး တရားခံဖြစ်ရလိမ့်မည်။
"ဒါပဲလား"
ဦးရဲ့ ခွန်းတုံ့ပြန်မှုက ဒီနေ့အဖို့အတော်လေး ဆိုးရွားနေပြီဟု ဆူဟို မြင်မိ၏။ဥက္ကဌကြီးဘက်က ဘာပဲပြောပြော ဦးကတော့ အကုန် ကန့်လန့်တိုက်မည့် ကိန်းကို အသေအချာကို သိနေသည့်အခါ ပြော၍ လည်းမနိုင်၊ထ၍လည်း မရသည့်အခိုက်အတန့်၌ ငြိမ်သက်စွာသာ ဆူဟိုနားထောင်ရုံမှလွဲ၍မရှိ။ ဥက္ကဌကြီးထပ်၍ သွေးမတက်စေရန်သာ ကျိတ်၍ ဆုတောင်းနေရသည်။
"ငါ့ဘက်က သဘောကတော့ အဲ့အတိုင်းပဲ"
"ကန့်ကွက်တယ်"
ဆူဟို မသိစိတ်ထဲမှ သက်ပြင်းချလိုက်ရသည်ပင်။ ထင်သည့်အတိုင်း ဦးလက်မခံခဲ့ပြန်ပေ။ ဆူဟိုလည်း အခုအခြေအနေတွေက ဘယ်လိုတွေ ရွေ့ပြောင်းသွားမှန်း နားကိုမလည်နိုင်အောင်ဖြစ်ရပေမယ့်လည်း အခုက သင့်တော်သည့်အချိန်မဟုတ်သေးတော့ ချက်ချင်းဆုံးဖြတ်ချက်တစ်ခုခု ချဖို့ဆိုတာ မဖြစ်သင့်ဘူးမလား။ဦးကတော့ ဆူဟို့အတွေးနဲ့ ဆန့်ကျင်ဘက်ချည်းရွေးချယ်နေပြန်၏။
စိတ်ရှိတိုင်းသာဆို "ဦးရယ် အခုဥက္ကဌကြီးကြိုက်တာ ပြောပါစေ၊ နောင်မှ ကျွန်တော်တို့ ပြန်ပြီးဖျောင်းဖျ လိုက်မယ်ဆိုလည်းဥက္ကဌကြီးက မစဉ်းစားပေးမယ့် သူမျိုး မဟုတ်ပါဘူး" ဆိုပြီး အားပါးတရ ပြောပြရင်း အခုလို မျက်နှာပျက်စရာအနေအထားကြီးကို အဆုံးသတ်လိုက်ချင်ပါ၏။သို့ရာတွင်တခွန်းမကျန် ချေပပြောဆိုတတ်သည့် ဦးရဲ့ အကျင့်နှင့်ရည်ရွယ် ပြီးသား ကိစ္စရပ်ကို မဖျက်သိမ်းတတ်သည့် ဥက္ကဌကြီး ၏ ပုံစံကလည်း ထပ်တူကျလွန်းစွာ အနိုင်မခံ အလျော့ မပေးသည့် သားအမိနှစ်ယောက်လို့ ပြောစရာမလို အောင်ပင် တူညီလွန်းနေပြန်သည်။
YOU ARE READING
COTTON CANDY
Romance☁Cotton candy skies why can't you be mine?☁ #Xingho Fanfiction #Primrose_vanilla Cover by @Amaryllis_Lian