Zawgyi
လွန်ခဲ့သော ၆ရက်ခန့်က
Starlet Bakery
"ကြိုဆိုပါတယ် ဧည့်သည်၊ ဘာများသုံးဆောင်ပါမလဲ။"
Bakery ဆိုင်သို့ ဝင်လာသော ဝယ်သူကို ဆူဟို ပြုံးပြရင်း မေးလိုက်သည်။
"ကိတ်မုန့် အော်ဒါမှာချင်လို့ရှင့်။"
ဝန်ထမ်းမိန်းကလေးက နမူနာပြထားသည့် ကိတ်မုန့်
များကို တစ်ခုချင်းစီကြည့်နေရင်းမှ ဆူဟို့ကို
ပြောသည်။"ဟုတ်ကဲ့ မွေးနေ့အတွက်လား ခင်မျ။"
"မဟုတ်ပါဘူး၊ ရိုက်ကူးရေးအဖွဲ့သားတွေ အတွက်
အယောက်၄၀စာလောက် နောက်၁နာရီ အတွင်းပို့ပေးလို့ရမလားမသိဘူး။"ဆူဟို note pad စာရွက်နဲ့ pen တချောင်း ယူလိုက်ပြီး
"ဟုတ်ကဲ့၊ ယူမယ့် ကိတ်အမျိုးအစားပြောပေးပါ။ပြီး
တော့ ပို့ပေးရမယ့်နေရာရောပဲ။""Cup cake အသေးစား အစုံထည့်ပေးပါ။ အယောက်၄၀စာ သီးစုံ Juice လည်း ပါတယ်။ နေရာက သိပ်မဝေးပါဘူး။ ဟိုအရှေ့နားက Swimming Pool ရုံကို ပါ။ Stadium XX10 ပါနော်။ ဒီကဒ်လေးယူပြီး
Gate Security ကိုပြပြီး ဝင်လာလိုက်ပါ။"ဝန်ထမ်းမိန်းကလေးပေးတဲ့ ကဒ်ကို ယူပြီး ဆူဟိုကြည့်လိုက်သည်။ Zhang Production ဟူသည့် logo ကိုတွေ့ရသဖြင့်
"customer နာမည်နေရာမှာ ဒီlogoကိုပဲ ရေးလိုက်ရမလား။"
"ဟုတ်တယ်၊ ရုံးအသုံးစရိတ်အနေနဲ့ပဲ ပြန် claim ရမှာမလို့ အဲ့အတိုင်းပဲ သုံးပေးပါ။"
စာရွက်နဲ့လည်း မှတ်လိုက်သလို တဖက်က PCမှာ
လည်း order တင်လိုက်သည်။ Cashierစက်ထဲကနေ
Voucher slip ဖြတ်ယူလိုက်ပြီး ဝယ်သူကို ပြန်ပေး
လိုက်သည်။"Ph no ကိုလည်း ကဒ်ထဲက အတိုင်းပဲ ယူထားလိုက်ပါတယ်။ ကျွန်တော်တို့ ဆိုင်ရဲ့ ph no က ဒီမှာပါပါတယ်။"
ကျသင့်သလောက်ငွေကို ကဒ်ဖြင့်ရှင်းခဲ့ပြီး ဝယ်သူ ပြန်သွားသည့်အခါ ဆိုင်အတွင်းသို့ ပိုင်ရှင်ဖြစ်သူ အစ်ကို ဒိုယောင်းရောက်လာသည်။
"Mian ဆူဟိုရေ ငါစောစောထွက်လာတာပဲ လမ်းမှာဆိုင်ကယ်က ပျက်သေးလို့ နောက်ကျနေတာ။"
YOU ARE READING
COTTON CANDY
Romance☁Cotton candy skies why can't you be mine?☁ #Xingho Fanfiction #Primrose_vanilla Cover by @Amaryllis_Lian