EPISODE 15

639 81 7
                                    

Zawgyi

"ဆိုဟီးရား တစ်ခါလေးပဲ ကူညီပါဆို"

သူငယ်ချင်း ဖြစ်သူ ဟာနာရဲ့ နားပူနားဆာပြောဆိုသံ
တွေကို လျစ်လျူရှုရင်း ဆိုဟီး နားကြပ်တပ်ကာ
ကျောင်းဆင်းကတည်းက သီချင်းနားထောင်ပြီး လမ်း
လျှောက်နေသည်။

"Yah!!!ဂင်ဆိုဟီး တောက်လျှောက် ငါ့စကားကို
နားမထောင်ဘဲ နေမှာလားလို့....."

ခဲရောင် Hoodie အိတ်ကပ်ထဲမှာထည့်ထားတဲ့ ဖုန်းကို
ခဏထုတ်ကြည့်တော့ အချိန်က အခုမှ
၁၅မိနစ်ပဲ ကြာသေးတာမို့ အိမ်ပြန်ဖို့ နောက်၁၀မိနစ်
လျှောက်ရဦးမည့်အတူတူ နောက်ထပ် နားထောင်လို့
ကောင်းမယ့် သီချင်း အသစ်တွေကို ပြောင်းဖို့လုပ်နေ
တုန်း လုယုခံလိုက်ရသည်မို့

"ဖုန်းပြန်ပေး ဟာနာ"

အေးအေးဆေးဆေး ပြန်တောင်းနေတဲ့ ဆိုဟီးနှင့်
ဆန့်ကျင်စွာ ဟာနာကတော့ ခေါင်းကို အသည်းအသန်
ယမ်းခါလျက်

"Arrnyi.... ငါပြောတာ အရင်လက်ခံမှ"

"မရဘူး"

"Yah....ဘာလို့လဲလို့"

မျက်နှာချက်ချင်း စူပုတ်သွားတဲ့ ဟာနာက ကျောင်း
ဆင်းကတည်းက ဆိုဟီး လမ်းလျှောက်တဲ့နောက်
မနည်းမီအောင် ကမန်းကတန်း လိုက်လာရတဲ့ကြားထဲ အခုမှ နားရတာကိုတောင် အာရုံမစိုက်နိုင်ရှာပဲ အမော
ဖြေမယ်ကြံရုံရှိသေးသည့်ကြားမှ ဆိုဟီးရဲ့ အငြင်းစကားကြောင့် နင့်ခနဲဖြစ်သွားမှာမှန်း ဆိုဟီးသိသည်။

သို့သော် သူငယ်ချင်းဖြစ်သူကို သနားသော်လည်း
ဆိုဟီးရဲ့ အဖြေကတော့ ပြောင်းမည်မဟုတ်။ဒါကိုသိ
ပုံရတဲ့ ဟာနာတယောက် ဆိုဟီးရဲ့ ခပ်ချေချေ မျက်နှာ
ပေးကို စိတ်တိုလာပေမယ့် ဒေါသအစား ခုပဲ ငိုချင်းချ
မတတ် ရုပ်ကပျက်လာတာမို့ နည်းနည်းတော့
ဆိုဟီး မဆိုစလောက်လန့်လာသည်။

"ဘာလဲ ဂျိုဟာနာ ငိုတော့ မလို့လား....လုံးဝမဖြစ်ဘူး
လမ်းလည်ခေါင်ကြီးနော်"

"အီး...ဟီး....wae!!!!!.....ဘာလို့ မရတာလဲလို့....."

*Aish... စလာပြန်ပြီ*

ပုခုံးနားရောက်လုနီးနီး အနက်ရောင် ဆံပင်တွေကို
ဖွလိုက်ပြီးနောက် နောက်ကို လှန်ကာ စိတ်ပျက်လက်
ပျက်နဲ့ လေပူတွေမှုတ်ထုတ်ရင်း ဆိုဟီး စိတ်လျှော့ရ
သည်။ဖြတ်သွားဖြတ်လာတွေက ကြည့်ပြီးသွားနေပုံက
မသိရင် သူငယ်ချင်းကို နှိပ်စက်နေတဲ့ Ganster
ကျောင်းသူနဲ့ သနားစဖွယ်ကျောင်းသူလေးပုံစံအတိုင်း။

COTTON CANDYWhere stories live. Discover now