Zawgyi
သပ်ရပ်လှပသည့် ဥယျာဉ်အတွင်း၌ ခမ်းနားစွာ ပြင်
ဆင်တည်ခင်းထားသော စားသောက်ဖွယ်ရာများ စုံ လင်စွာရှိနေသည်။မနက်စာစားရုံမျှသာဖြစ်သော် လည်း ပြင်ဆင်ထားသည့် စားသောက်ဖွယ်ရာများမှာ ဧည့်ခံပွဲ တစ်ခုအလားထင်မှတ်ရလောက်သော်လည်း စင်စစ်၌ကျန်းမိသားစုဝင်ချည်းသာရှိနေသည်။ထိုသို့သောမနက်စာမှာကျန်းမိသားစု၌တွေ့နေကျမဟုတ်
သော် လည်း ပျမ်းမျှအားဖြင့် တစ်နှစ်၌ သုံးကြိမ်ခန့် ပြင်ဆင် နေကျဖြစ်သည်။ဤနှစ်တစ်နှစ်အတွက် တတိယအကြိမ်မြောက် စားပွဲလည်းဖြစ်သလိုမကြာမှီဆောင်းလလယ်ပွဲတော်ကာလ မရောက်မီအချိန်၌ အလျင်စလိုလုပ်လိုက် ခြင်းလည်းဖြစ်၏။ကြီးမားသည့် စားပွဲဝိုင်း၌ နေရာ ထိုင်ခင်းအတွက် ၁၄ယောက်စာ ရှိလေရာ လတ်တ လော၌၄ယောက်စာချန်ရစ်နေသေးပေသည်။
"ရှောင်ဝမ့် နဲ့ ရှောင်ချွမ်၊ မာမား မှာထားတာမမေ့နဲ့
နော် သားတို့၊ စားသောက်ပြီးပြီဆိုတော့ ခဏနေ လူကြီးတွေလာရင် မနှောက်ယှက်ပဲ ကောင်းကောင်းနေ
ရမယ် ဟုတ်ပြီလား"မျက်လုံးတောက်တောက်လေးများနှင့် ချစ်စဖွယ်
ကောင်းသည့် အမွှာကလေးလေး နှစ်ယောက်မှာ
သူတို့ မိခင်၏ စကားအား ညီညွတ်စွာ ခေါင်းညိတ်
လျက် လူကြီးလူကောင်းပေါက်စလေးများသဖွယ်
တိတ်ဆိတ်စွာဖြင့် ထိုင်ခုံမှ ဆင်းကာ နာနီအဒေါ်ကြီး၏
ခေါ်ဆောင်မှုနောက်သို့ လိုက်ပါသွားကြသည်။အမြဲလိုလို မီးပွင့်မတတ် သောင်းကျန်းတတ်သော ၆နှစ်အရွယ်တူလေးနှစ်ယောက်စလုံး ငြိမ်သက်လျက်
လိမ်လိမ်မာမာ လမ်းလျှောက်သွားသည်ကို တွေ့လျှင်
ကျန်းဖုန်း မျက်ခုံးမပင့်ပဲမနေနိုင်တော့ချေ။"မရီးကတော့ တကယ့်ကို အမေကောင်းတယောက်ပဲ၊
ကလေးတွေကို သွန်သင်တဲ့နေရာမှာ မရီးလောက် တော်
တဲ့ သူရှိမှာမဟုတ်ဘူး"ကျန်းဖုန်း၏ စကားကြားရသည့်အခါ ပြုံးယောင်သမ်း
သွားသည့် ချီယွဲ့ဝေအား ခင်ပွန်းဖြစ်သူ ကျန်းရုန်းမင် ကြည့်ကာ ညီဖြစ်သူကို ပြန်လည်ပြောပြသည်။"မင့် မရီးက ဒါတောင် အတော့်ကို အလျော့ပေးထား
တာလို့ပြောရမယ်၊ တကယ်ဆို ရှောင်ဝမ့်ရော၊ ရှောင်ချွမ်ရော သူတို့အမေကို ငါ့ထက်တောင် ကြောက်ကြတာကွ"
YOU ARE READING
COTTON CANDY
Romance☁Cotton candy skies why can't you be mine?☁ #Xingho Fanfiction #Primrose_vanilla Cover by @Amaryllis_Lian