Zawgyi
"ပြောစရာရှိတယ်ဆိုတာ ဘာများလဲ ဆူဟို"
ဧည့်ခန်းမှာထိုင်နေတဲ့ ဥက္ကဌကြီးနဲ့ Fei Jie ရဲ့ အာရုံတွေက ဆူဟို့ဆီမှာ။ စိတ်ကို အတတ်နိုင်ဆုံး ငြိမ်အောင်ထားနေတာတောင်မှ စိတ်လှုပ်ရှားမှု ကြောင့် ဂဏာမငြိမ်ဖြစ်နေမိသည်။ဘေးမှာ ဦးရှိနေသည်ဆိုသည့် အသိဖြင့် ဘာပဲဖြစ်လာပါစေ အတတ်နိုင်ဆုံးရင်ဆိုင်ဖို့သာ အတွေးရှိတော့သည်။
"ဥက္ကဌကြီး....Fei Jie..."
"ဟမ်!ဆူဟို ဒါဘာလုပ်တာလဲ!"
နှစ်ယောက်လုံးရှေ့မှာ ချက်ချင်းဒူးထောက်ချလိုက်ကာ ခေါင်းငုံ့နေတဲ့ဆူဟို့ကြောင့် Fei Jie က အလန့်တကြားဖြစ်သွားပေမယ့် ဥက္ကဌကြီးကတော့ ငြိမ်သက်နေလျက်။ ဦးလည်းဆူဟို့အပြုအမူကြောင့် အနားကိုကပ်လာပေမယ့် မလာဖို့ကိုလည်း ဆူဟိုပဲ အရိပ်အခြေပြပြီးတားလိုက်သည်။
"အရင်ဆုံး နှစ်ယောက်စလုံးက ကျွန်တော့်အပေါ် စေတနာထားပြီး မိသားစုဝင်တယောက်လို သဘောထားပေးခဲ့တဲ့အတွက် မပြောပြတတ်အောင် ကျေးဇူးတင်မိသလို အမြဲလည်း အားနာနေခဲ့မိတဲ့ ပုဂ္ဂိုလ်တွေပါ"
"ဒါပေမယ့် ခုလို ကျွန်တော့်အပေါ် တန်ဖိုးထားကြတဲ့သူတွေအပေါ်ကို ကျွန်တော်အမှန်အတိုင်းဖွင့်မပြောခဲ့မိတဲ့ အကြောင်းကိစ္စတွေရှိပါတယ်"
"အဲ့အတွက် ဘယ်လိုပြစ်ဒဏ်ပဲဖြစ်ဖြစ် လက်ခံနိုင်ပါတယ်။ခွင့်လွှတ်မှုကိုလည်းမတောင်းဆိုသင့်ပေမယ့် ကျွန်တော်တကယ်ပဲ တောင်းပန်ပါတယ်"
"နေပါဦး၊ ရုတ်တရပ်ကြီး ဘာကိစ္စမို့လို့ ခုလိုတောင် လုပ်ရတာလဲ ဆူဟိုရဲ့"
"တောင်းပန်ပါတယ်၊ Fei Jie ကိုဆို ကျွန်တော်ပိုပြီး မျက်နှာမပြဝံ့လောက်အောင် အားနာမိပါတယ်"
"ဒါပေမယ့် ကျွန်တော် ကြိုတင်ကြံစည်ခဲ့တာလည်း မဟုတ်သလို၊ရည်ရွယ်ပြီး လုပ်ခဲ့တာမျိုးလည်း မရှိပါဘူး။ ဒီအတိုင်း...စိတ်ကူးတောင်မရှိခဲ့ဘူးတဲ့ အရာလိုကိစ္စတွေက ဖြစ်သွားတာပါ"
ဆက်ပြောမယ့် စကားလုံးတွေက အများကြီးကျန်နေသေးပေမယ့် နှုတ်ကနေ ဆက်တိုက် ပြောထွက်နိုင်ဖို့ကြိုးစားပြီး အားတင်းနေရသလို ဥက္ကဌကြီးရော Fei Jie လည်း အဓိက ဆိုလိုတဲ့ အကြောင်းအရာကိုသာ သိလိုကြသည့် အရိပ်အယောင်များသာ လွှမ်းခြုံ
နေသည်မို့
YOU ARE READING
COTTON CANDY
Romance☁Cotton candy skies why can't you be mine?☁ #Xingho Fanfiction #Primrose_vanilla Cover by @Amaryllis_Lian