Zawgyi
"တီ............................"
ကျောင်းဝန်းအတွင်း လူသွား platform ပေါ်လမ်း
လျှောက်ရင်း နောက်ကနေ တရပ်စပ် ဟွန်းတီးနေသော
ကားတစ်စီးကြောင့် Fei Jie ရော ဆူဟိုပါ ပြိုင်တူ
ကြည့်လိုက်မိတော့ နံဘေးကပ်ကာ ရပ်လာတဲ့
အနက်ရောင် mecedes ကားထဲက လူက*ဦး!*
"ဟဲ့ ကျန်းရှင်း!"
ဆူဟိုက စိတ်ထဲက ရေရွတ်မိပေမယ့် Fei Jie ကတော့
အားရပါးရ အော်ချလိုက်သည်။ဦးရဲ့ မျက်နှာက အလိုမကျတဲ့ အကြည့်က ဘာကြောင့်
များပါလိမ့်။ အလုပ်ကိစ္စကြောင့် ဒီလိုပဲ မကြည်မလင်
ဖြစ်နေသည်လား ဆူဟိုမသိပေမယ့် မနက်က ဦးရဲ့
ရွှင်လန်းနေသည့် မျက်နှာနှင့် အကွာကြီးကွာနေသည်။"ကားပေါ်တက်"
ဆူဟို့မျက်နှာပင်မကြည့်ပဲ Fei Jie ကိုသာ ကြည့်လျက်
ခပ်ရှင်းရှင်းပြောသည့် စကားသံတို့ကြောင့် လူက အလိုလို နေရင်း အကျင့်မကောင်းသည့် သိမ်ငယ်စိတ်ကဝင်လာသည်။*ဦးရဲ့ အမြင်မှာ ငါဆိုတာ အမြဲဘယ်ရှိနိုင်ပါ့မလဲ။
ကိုယ့်အဆင့်ကိုယ်သိမှပေါ့ ဆူဟိုရ*"ငါတို့က နေ့လည်စာစားဖို့သွားမလို့။ မပူနဲ့ ငါ့မှာကား
ပါတယ်။ နင်က ကုမ္ပဏီကို သွားရဦးမှာမလား""စကားအရမ်းများတယ် ယိွဖေး။ ငါက တက်ဆိုတက်
လိုက်ပေါ့ အကြီးစကားကို အထွန့်တက်မနေနဲ့"Fei Jie ပင် ကိုယ်လေးယို့ခနဲ ဖြစ်သွားပုံထောက်ရင်
ဦးတစ်ခုခုကို တော်တော်လေး စိတ်တိုလာပုံရသည်။"Jie ဒါဆို ကျွန်တော် ကိုယ့်ဘာသာပဲ...."
"ငါ့မှာ အချိန်မရှိဘူး။ နှစ်ယောက်စလုံး ကားပေါ်
ခုချက်ချင်းတက်"အသံအရမ်းမကျယ်သည့်တိုင် မာန်မဲသလိုပြောလိုက်
သည့် ဦးရဲ့လေသံကြောင့် ဆူဟိုရော Fei Jie ပါ
ကားနောက်ခန်းပေါ်တက်လိုက်ရသည်။တစ်လမ်းလုံး တယောက်စီရဲ့ အသက်ရှူသံကလွဲလျှင်
အပ်ကျသံပင် ကျလောက်သည်အထိ ဘယ်သူကမှ
စကားမပြောကြ။ ကားထဲ၌ air con အအေးဓာတ်
တဖြည်းဖြည်းနဲ့များလာကြောင့် အပြင်က ရာသီဥတုကလည်း အုံ့မှိုင်းမှိုင်းနှင့်မို့ ဆူဟို ချမ်းသလိုလိုဖြစ်ချင်လာ
သည်။
YOU ARE READING
COTTON CANDY
Romance☁Cotton candy skies why can't you be mine?☁ #Xingho Fanfiction #Primrose_vanilla Cover by @Amaryllis_Lian