EPISODE 48

282 41 18
                                    

Zawgyi

ဖြတ်လမ်းလေးက ကျောက်သားလမ်းကျဉ်းလေးဖြစ်ပြီး ဘေးဘက်မှာ စမ်းချောင်းငယ်လေးတွေလည်း အပြိုင် စီးဆင်းနေတာမလို့ မသိရင် ချစ်စရာကောင်းတဲ့တောအုပ်ကလေးထဲ လျှောက်သွားနေရသလိုမျိုး ဖြစ် နေသည်။

ဒါ့အပြင် ပတ်ပတ်လည်မှာလည်း နှစ်ချို့သစ်ပင်ကြီးတွေလည်း ရှိနေတော့ တော်ရုံမြင်ဖို့ မလွယ်တဲ့ ဒီလမ်းလေးက နှစ်အတော်ကြာနေပြီမလို့ ဘယ်သူမှ မသုံးဖြစ်တော့တဲ့ လမ်းဟောင်းလေးလို့တော့ ရှောင်းယင်းဆီကပြောသံကြားရသည်။ ဒီလောက် သာသာယာယာ
လှလှပပလမ်းလေးကို ဘာလို့များ အသုံးမပြုကြတာလဲလို့ မေးတုန်းက ရှောင်းယင်းလည်း မသိပုံပင်။ သူမ ရှာတွေ့သည်မှာလည်း သိပ်မကြာသေးသလို မည့်သူမှ အသုံးမပြုကြသည်ကတော့ သေချာသည်တဲ့။

ဖြစ်နိုင်တာက ကျန်းအိမ်တော်တစ်ခုလုံးမှာ ဒီ့ထက်လှပြီး ကောင်းမွန်တဲ့လမ်းတွေ ရှိနေတာကြောင့် နေလိမ့်မည်။ ကျန်းအိမ်တော်ဆိုတာထက် ဆူဟို့ အမြင်မှာတော့ မြို့တဝက်စာလောက် ကျယ်ဝန်းသည့် မြေနေရာ
ကြီးမှာ ရှေးဟောင်းဗိသုကာလက်ရာဆန်ဆန် အဆောက်အအုံတွေ တည်ဆောက်ထားကြသလိုပါပဲ။

တမိသားစုတည်း ဒီတမြို့လုံး ဝယ်ထားတာလို့ပြောရင်တောင် ဆူဟို ယုံနိုင်ပါသည်။ ဒီလောက်အစောင့်တွေအများကြီး၊ ဧည့်သည်တွေအပြင် ဆွေမျိုးမိသားစုတွေပါရှိနေသေးတော့ ကျန်းမျိုးရိုးရဲ့ ချမ်းသာကြွယ်ဝမှုကို တခမ်းတနားရေးကြတဲ့ website တွေကို မြင်ခဲ့တုန်းကချဲ့ကားပြောကြသည်ထင်ခဲ့သမျှ အခုတော့ လိုတောင်လိုနေသေးသည်။

ခြံဝန်းကျယ်ကြီးထဲ အိမ်ကြီးကိုးအိမ် ဆောက်ထားပြီးကိုယ်ပိုင်အခြွေအရံတွေနဲ့ နေကြတဲ့ ကျန်းအိမ်ရဲ့ မြင်ကွင်းက ခမ်းနားသလောက် ပျင်းဖို့လည်း ကောင်းသည်လို့ ဆူဟိုတွေးမိပြန်သည်။ တနေ့တနေ့ ဒီလိုအခေါ် အဝေါ်အဆန်းကြီးတွေနဲ့ ကိုယ်ဟန်မပျက်နေနေရတဲ့ ဝန်ထမ်းတွေကိုတောင် ဆူဟိုသနားလာသည်။

ဂုဏ်ဒြပ်ဆိုတာ ဒီလိုအသိုင်းအဝိုင်းမျိုးမှာ မရှိမဖြစ်ဆိုတာ အမှန်ဖြစ်မည်။ ဒါကြောင့် ဦးကို စတွေ့တုန်းကဘယ်သူမှ လူမထင်တဲ့ပုံပေါ်နေတာနေမည်၊ ဖြစ်လည်း ဖြစ်လောက်ပါသည်။ဒါပေမယ့် ကိုယ်သာ သူ့နေရာမှာ ဒီလိုပဲဖြစ်နိုင်တာပဲလို့ ဖြည့်ပြောခဲ့ရင်တော့ ငြင်းရလိမ့် မည်။

COTTON CANDYWhere stories live. Discover now