Zawgyi
Studio မှာ နောက် Project Event အတွက် ညှိနှိုင်းဖို့Meeting ကို ဒီနေ့ တက်ရမှာဖြစ်လို့ ရီရှင်း ပြင်ဆင်နေသည်။ ဒီနေ့မနက်ကို ဘေဘီနဲ့အတူ အချိန်ပေးမယ့်
အစီအစဉ်ကလည်း ထင်တာထက် တိုတောင်းသွားလို့ဘဝင်မကျဖြစ်နေတဲ့အခါ သွားလာဖို့အတွက်တောင်စိတ်မပါလက်မပါဖြစ်နေသည်။ဒါပေမယ့် ဒီနေ့မနက်စာကို သဘောကျပုံရတဲ့ ဘေဘီ့ကြောင့်သာ ရီရှင်း ခုလိုသွားနိုင်ခြင်း။နောက်ပြီး ဘေဘီလည်း စာလုပ်ဖို့ရှိတော့အချိန်အများကြီးမရမယ့်အတူတူမလို့ ဒီလောက်နဲ့ပဲ ဒီနေ့အဖို့ ကျေနပ်ရမှာပင်။
ရေချိုးခန်းထဲကနေ ဘောင်းဘီအရှည်နဲ့ ရှပ်အင်္ကျီမဝတ်ရသေးပဲ အပေါ်ထပ် Bathrobe အညိုရောင်နဲ့ ထွက်လာရင်း တောက်လျှောက်လာနေတဲ့ ဖုန်းမြည်သံကြောင့် ကိုင်လိုက်တော့ Studio ဆီက။ လူမရောက်သေးခင်ကတည်းက complaint တချို့ကို အရင်ဖြေရှင်းပေးနေရလို့ အဝတ်အစားမဝတ်နိုင်သေးပဲ Notebook (Laptop) ထဲက အချက်အလက်တွေ
အတွက် ဖုန်းတဖက်နဲ့ အရင်ပြောနေရသည်။"ဒေါက်....ဒေါက်..."
တံခါးခေါက်သံနဲ့အတူ အနည်းငယ်ပွင့်ဟလာတဲ့ တံခါးပေါက်မှာ မျက်နှာလေးပေါ်ရုံ ချောင်းကြည့်နေတဲ့ ယုန်ဖြူလုံးလေးက အလုပ်များနေတဲ့ ရီရှင်းကိုမြင်ပြီး ထွက်သွားဖို့ပြင်နေပေမယ့် ချက်ချင်း ခေါင်းငြိမ့်ပြပြီး ဝင်လာဖို့အပြောမြန်သွားတဲ့ ရီရှင်းကြောင့် တံခါးပိတ်ကာ အခန်းထဲဝင်လာသည်။
~ဦး မအားရင် ခဏနေမှ ပြန်လာမယ်လေ~
အသံမထွက်ပဲ ပါးစပ်လှုပ်ရုံလေး စကားပြောတဲ့ ကောင်ငယ်လေးက ရီရှင်းအာရုံများပြီး အနှောင့်အယှက်ဖြစ်နေမှာဆိုးသည့် အလား။တခါမှ ရီရှင်းအခန်းကို လာလေ့မရှိတဲ့ ဘေဘီက ထူးထူးခြားခြား မပြောမဆိုနဲ့ရောက်လာတာ အကြောင်းတစ်ခုခုကြောင့်လို့ ရီရှင်းထင်သည်။
ရှားရှားပါးပါး မခေါ်ပဲနဲ့ ရောက်လာတဲ့ အချစ်ကလေးက တကယ်ဆို ဒီအထိရောက်အောင် အလွယ်တကူတော့ ဖြတ်လာရမှာ မဟုတ်လို့ ချက်ချင်းပြန်လွှတ်ဖို့တော့ ရီရှင်း စိတ်ကူးမရှိ။
အလုပ်ကိစ္စနဲ့ ဖုန်းပြောလက်စ မပြတ်သေးလို့ ဘေဘီ့ကိုစကားမပြောနိုင်သေးတဲ့အခါ လက်ကလေးတစ်ဖက်ကိုသာ ရီရှင်း ဆွဲထားလိုက်သည်။ ရီရှင်းရဲ့ မသွားစေချင်တဲ့ ဆန္ဒကို သိတော့မှ ရီရှင်းကို သူစောင့်နေမယ့်အ
ကြောင်း အသံတိတ်ပြောတဲ့ ဘေဘီက ရီရှင်းကိုင်ထားတဲ့လက်ကို ဖြုတ်ပြီး ကုတင်ပေါ်က မျက်နှာသုတ်ပဝါကိုသွားယူသည်။
YOU ARE READING
COTTON CANDY
Romance☁Cotton candy skies why can't you be mine?☁ #Xingho Fanfiction #Primrose_vanilla Cover by @Amaryllis_Lian