EPISODE 54

240 27 5
                                    

Zawgyi

Baby ကတော့ မားရဲ့ လျှို့ဝှက်တဲ့ အပြုံးနဲ့ တိုးလျစွာသက်ပြင်းချလိုက်တဲ့ ပုံရိပ်ကို နားမလည်လေဟန် မျက်ဝန်းလေးတို့နဲ့ ရိရှင်းကို အကြည့်ချင်းမေးတော့ မျက်ခုံးတွန့်ချိုးလိုက်တဲ့ ရိရှင်းက ချက်ချင်းကို မားရဲ့လက်ထဲ
ကနေ သူ့လက်ကို ဖယ်ပြီး

"မဖြစ်ဘူးမား၊ ဒါ အဓိပ္ပါယ်မှ မရှိတာ!"

ရုတ်တရပ် ဒေါသရိပ်စွက်လာတဲ့ ရိရှင်းက တဖက်၊ ဘာမှမပြောပဲ လက်ဖက်ရည်ကို ဖြည်းဖြည်းချင်းသောက်နေတဲ့ မားကို တဖက်နဲ့ Babyကတော့ ဘာကိုမှနားလည်ပုံမရသော်လည်း တိတ်တဆိတ်အကဲခတ်ရင်း ငြိမ်သက်နေရှာပြန်၏။မကြာခင်မှာပဲ လက်ထဲ၌ စာရွက်စာတမ်းတချို့ကိုင်ဆောင်လျက် ကျနသည့် အနောက်တိုင်းဝတ်စုံဖြင့် အမျိုးသမီးတစ်ဦး ဝင်ရောက်လာကာ

"မင်္ဂလာပါ ဥက္ကဌကျန်း၊ CEO ကျန်းနဲ့ သခင်လေးဂင်"

အားလုံးကို အရိုအသေပေးရင်း နှုတ်ဆက်လာသည့်ထိုအမျိုးသမီးက မား ခေါင်းငြိမ့်လိုက်သည့်အခါ သူမ လက်ထဲကစာရွက်စာတမ်းတို့ကိုရိရှင်းတို့ရှေ့သို့ချပေးပြီးနောက် ကိုယ်ကိုရို့ကာအနောက်သို့ပြန်ဆုတ်သွားသည်။

"ကျွန်တော် လက်မခံဘူးမား၊ ပြန်ယူသွားခိုင်းလိုက်ပါ"

သိချင်ရုံသက်သက်ဖြင့် အမှတ်တမဲ့ မျက်လုံးဝေ့ကာ အကဲခတ်တော့မည့် Baby လည်း သူ့စကားကြောင့်တုန့်ဆိုင်းသွားကာ အမြင်ပင် ကပြာကယာ လွှဲသွားရှာသည်။ဘာမှန်းမသိသည့်တိုင် မလှုပ်မယှက် ငြိမ်ချက်သားကောင်းစွာဖြင့် ဟန်မပျက်တချိန်လုံးတည်နေရရှာ သည့် Baby ကိုတော့ ရိရှင်း စိတ်မကောင်းဖြစ်ရသလို ဂရုဏာလည်းသက်မိသည်။

သူ မလိုလားဆုံးအရာမှာ ရှောင်လွှဲလို့မရတော့ပေပြီ။
ဖြစ်နိုင်လျှင် Baby့ကို အကောင်းဆုံးသော အရာတွေ
သာ ပေးအပ်ချင်မိသည့် နှလုံးသား၏ စေစားရာ၌
တချို့သော တားမြစ်ပိတ်ပင်ချက်တွေက ရိရှင်း၏ စိတ်
ကို အနှောင့်အယှက်ဖြစ်စေနေသေးသည်။အမှန်အတိုင်း ဆိုရလျှင် ယခုကဲ့သို့ နေ့ရက်မျိုးကို Baby မသိရလေ
အောင် ထာဝရ လိမ်လည်သွားဖို့ အပြည့်အဝ ဆုံးဖြတ်
ခဲ့ပြီးသကဲ့သို့ပင်။

COTTON CANDYWhere stories live. Discover now