EPISODE 44

453 62 9
                                    

Zawgyi

"ဒေါ်လေး"

"......"

"ဒေါ်လေးလို့"

ဆိုဟီး ဆူဆူအောင့်အောင့်ဖြင့် ဘေး၌ အတူထိုင်ကာ သစ်သီးခွာခြင်း၌ အာရုံနှစ်လျက်ရှိသော ဒေါ်လေးအား မထူးမချင်းခေါ်သည်။

"အေး...ပြော"

ဒေါ်လေးကတော့ ဆိုဟီး အသံလည်း အာရုံထားဟန်မရှိ၊ ပြီးလွယ်စီးလွယ်သာ ပြန်ဖြေသည့်အခိုက် ဆိုဟီး မျက်မှောင်ကြုံ့လျက် ရှိ၏။

"ဆိုဟီးမေးတာ အမှန်အတိုင်းဖြေနော်"

"ဘာတုန်း ဆိုဟီးရဲ့"

လေကို သေချာရှူသွင်းပြီးမှ ဆိုဟီး စိတ်ဒုံးဒုံးချကာပြောသည်။

"ဆိုဟီးက ကောက်ရတာမလား"

"ဟေ!"

"အမှန်တိုင်းပြောရပါ ရတယ်၊ Omma ကို ပြန် မပြောဘူး ကတိပေးတယ်"

နားလည်မှု အပြည့်အဝထားရှိပေးမည့် စတိုင်၌ ရုပ်တည်ဖြင့် မေးနေသော ဆိုဟီးအားကြည့်ရင်း ဒေါ်လေးလည်း အတော် စိတ်ညစ်သွားဟန်ရှိသည်။

ဤသည်ကို ကြည့်ကာ ဆိုဟီး တကိုယ်တော် ကောက်ချက်ချလိုက်၏။

"အင်း...ထင်တော့ ထင်ပါတယ်၊ အဲ့လိုပဲဖြစ်မှာလို့၊ ရတယ် ဒေါ်လေး ဆိုဟီးကို နှစ်သိမ့်ပေးဖို့ မလိုပါဘူး၊ ကြိုပြီး စိတ်ပြင်ဆင်ထားပါတယ်"

အိမ်ရှေ့ထိုင်ခုံမှာ ထိုင်ပြီး သစ်တော်သီးစိတ်ကို တမြုံမြုံဝါးရင်း ဆိုဟီးခေါင်းတညိတ်ညိတ်။ အခုတော့ အားလုံးကိုနားလည်သိရှိသွားပါပြီဆိုသည့် စာတန်း သည် မျက်နှာတွင်ကပ်ထားသည့် အလား နေနေသည်ကို မြင်နေရသည့် ဘေးကနေ အသီးထိုင်ခွာပေးနေတဲ့ ဒေါ်လေးကတော့ခေါင်းတခါခါနှင့်။

"အေးအေးနေစမ်းပါ ဆိုဟီးရယ်၊ အခုမှ စိတ်အေး မလိုရှိတုန်း ညည်းက ထဖောက်ချင်နေပြန်ပြီ"

"မဟုတ်ရင် ဘာဖြစ်လို့ Oppa နဲ့ Omma က ဘာလုပ်လုပ် ဆိုဟီးကို အသိမပေးပဲ နေပါ့မလဲ၊ အငယ်ဆုံးဆိုပြီး အရေးပေးခံရမလား မှတ်ပါတယ်၊ အခုတော့ ဘယ်သူ့မှ ခေါင်းထဲတောင် မရှိကြဘူး"

ရှုံ့မဲ့နေသော မျက်နှာဖြင့် ပန်းကန်ထဲရှိ နောက်ထပ် သစ်တော်သီး သုံးစိတ်ခန့်ကို ခက်ရင်း၌ ဆက်တိုက်စိုက်ကာတလုတ်တည်း စားပစ်လိုက်၏။

COTTON CANDYWhere stories live. Discover now