EPISODE 8

732 117 8
                                    

Zawgyi

တတူတူဖြင့် ဖုန်းအဝင်ခေါ်သံကို အချိန်တခုစာ စောင့်နေပြီးနောက် တဖက်က ဖုန်းကိုင်လိုက်တဲ့အသံကို ကြားရသည်။

"Wei....ဆူဟိုရေ ငါအခု တရက်လောက်ထပ်ကြာပြီးမှ ရောက်မယ်ထင်တယ်။ Design idea လည်းရပြီဆိုတော့ မင်းနဲ့ တိုင်ပင်ဖို့တောင် လုပ်နေတာ"

Fei Jie ရဲ့ အသံဟာ ကြည်လင်နေပြီး မျှော်လင့်ချက်အားအင်အပြည့်နဲ့ တက်ကြွနေပုံပင်။ ထို့ကြောင့် ဆူဟိုပိုလို စိတ်မကောင်းဖြစ်ရပေမယ့်လည်း

"Fei Jie... ကျွန်တော်...."

တုန်ယင်နေသော နှုတ်ခမ်းတို့ကြောင့် စကားတခွန်းပင်တိကျအောင် ထွက်မလာနိုင်သော ကိုယ့်ကိုကိုယ် ဒေါသဖြစ်လာသည်။ မျက်နှာနုနုထက်က အလိုအလျောက်ကျဆင်းလာသော မျက်ရည်တို့ကိုလည်း သည်းမခံနိုင်အောင် မုန်းမိသည်။

"ဟယ်လို ဆူဟို မင်းဘာဖြစ်လို့လဲ။ နေမကောင်းဘူးလား"

အံတင်းထားပြီး ရှိုက်သံမထွက်အောင် မရမက ကြိုးစားရင်း နေပေမယ့်လည်း အချိန်တော်ကြာ ငိုခဲ့မိသည်မို့အရှိန်က မပြယ်သေးပဲ အင့်ခနဲ တချက်တချက် ထွက်သွားသည်လားမသိပေမယ့် Fei Jie ကတော့
ဆူဟို့အသံ မူမမှန်ဖြစ်နေသည်ကို ကောင်းကောင်းသိနေလောက်ပါပြီ။

"တောင်းပန်ပါတယ် Fei Jie.... ကျွန်တော် မလုပ်နိုင်တော့လို့...."

"ဟမ် ဆူဟိုရေ ဘာတွေပြောနေတာလဲ။ အစ်မလည်း နားမလည်ပါလား။ ဘာပြသာနာဖြစ်လို့လဲ"

စိတ်ပူနေမယ့် Fei Jie ပုံကို ခံစားမိနေပေမယ့် ဆူဟိုထပ်ပြီး သည်းမခံနိုင်တော့။ ကျန်းရီရှင်းရဲ့ စိတ်ဓာတ်က သူ့လုပ်ရပ်တွေမှာ ပေါ်လွင်နေမှန်း သိပေမယ့်လည်း ယခုလောက် ဆိုးလိမ့်မည် မထင်ခဲ့ရိုးအမှန်။

ဘယ်လောက်ပဲ ဆူဟိုက သူ့ထက် ဆင်းရဲနေပါစေ ကိုယ်ကျင့်သိက္ခာကတော့ ဘယ်တော့မှ မနိမ့်ခဲ့။ သူ့လိုငွေကြေးချမ်းသာ ကြွယ်ဝပြီး လျှမ်းလျှမ်းတောက်ကျော်ကြားသည့် သူတယောက် မဟုတ်သည်ဆိုဦးတော့ တဖက်သားကို ခုလို ဖိနှိပ်ပြီး အတင်းအကြပ်အနိုင်ယူသည်က လွန်လွန်းသည် မဟုတ်ပါလား။

COTTON CANDYWhere stories live. Discover now