EPISODE 56

123 15 0
                                    

Unicode

ဖြာကျနေသော shower ဆီမှ ရေနွေးငွေ့ များကြောင့် ရေချိုးခန်း မှန်နံရံထက်မှ ရေခိုးရေငွေ့စက်တို့သည် ခိုမှီလျက်ရှိ၏။ အောက်ခြေကြမ်းပြင် ကြွေပြားထက်၌ ရေစုပ်သည့် စကာပေါက်အတွင်းသို့ ရေတို့သည် တသွင်သွင် စီးဆင်းသွားနေသည်။ဆောင်းရာသီ၏ အအေးဓာတ်အတွက် အပူပေးစက်ဖြင့် သုံးသော shower ၏ အပူဒဏ်ကြောင့်ပေလားမသိ ရေချိုးခန်းတွင်း အပူရှိန်သည် မြင့်သထက်မြင့်လာလေ၏။

ရေချိုးခန်းအတွင်းရှိ မှန်နံရံထက်၌ တွန်းကပ်ထားရသည့် လက်တစုံ၏ ပုံရိပ်သည် ရေငွေ့ရိုက်နေသည့် ရေမှုန်ရေမွှားများကြားမှ ထင်ရှားစွာ ရှိလျက်နေပေ၏။ မောဟိုက်သံများနှင့် အသားချင်းရိုက်ခတ်သံများသည် ရေပန်းမှ အရှိန်အဟုန်ဖြင့် ဖြာကျနေသည့် ရေကျသံနှင့် တပြေးညီ ထွက်ပေါ်နေသည်။

"အ့.......အာ့.........ဟမ့်"

ပင့်သက်ရှိုက်သံနှင့် အတူ ဆူဟို အနည်းငယ် ကိုယ်ကို ခွာလိုက်တော့ ခါးကနေ ပြန်ဆောင့်ဆွဲယူခံလိုက်သည့် အရှိန်ကြောင့် ယိုင်နဲ့သွားသည့် ခြေလှမ်းတို့အား အလျင်အမြန်ထိန်းလိုက်ရသည်။ ပူလောင်ပြင်းပြသည့် ရမ္မက်အရှိန်ကြား တရိပ်ရိပ်တက်လာသော ခံစားချက်တို့ကို ထိန်းထားရန် တတ်နိုင်သမျှ အသံကျယ်ကျယ်လောင်လောင်မထွက်မိဖို့ နှုတ်ခမ်းကိုက်ထားရသည့်အခါ ကြာလာသည်နှင့် အမျှ သွေးနံ့စို့စို့ပင် အရသာခံစားမိလာသည်။

မတ်တပ်ရပ်နေရသည်မှာ မည်မျှ အချိန်ရှိသွားပေလည်း မသိ၊ တဖြည်းဖြည်းပျော့ခွေသလို ခံစားလာရသလို တချိန်တည်းမှာပင် ခပ်ပြင်းပြင်းထိုးသွင်းမှုကြောင့် အလိုလို တင်းခံထားသည့် အားတို့ကလည်း ယိုင်နဲ့စပြုလာသလိုပင်။ မှန်နံရံထက်၌ လက်နှစ်ဖက်ကပ်လျက် မှေးကာ နာကျင်မှုနှင့်အတူ ထုတ်ဖော်ပြောကြားရန် ခက်ခဲသည့် ခံစားချက်တို့ကလည်း ရိုက်ခတ်သည့်အခါ ဖြူနုနေသည့် အသားအရည်သည်ပင် နီရဲလာသည်မှာ ဆောင်းရာသီအကူး ပွင့်သစ်စ မက်မွန်ပန်းလေးများသဖွယ်။

"အင်း....ဟ့........"

အားယူထားရသည့် မှန်နံရံထက်မှ လက်ချောင်းလေးများသည်လည်း သွေးကြောလေးများဖြင့် ထင်းလျက်၊ ပိုမို ပြင်းထန်လာသည့် ဆောင့်သွင်းချက်တိုင်းမှာ ကိုယ်ရှိန်မပျက်သွားစေရန် ခက်ခက်ခဲခဲ ထိန်းထားရပေသည့်အတွက် လက်ချောင်းနုနုလေးများပင် ရဲတွတ်နေပေသည်။ ရေစက်များထက်မှ အပူရှိန်မှာ ခပ်နွေးနွေးသာဖြစ်သော်လည်း ဆူဟိုအတွက်တော့ ပူလောင်လွန်းနေပေသည်။ အဆက်မပြတ် စည်းချက်ညီညီထိုးသွင်းချက်များကြောင့် ကြမ်းပြင်ထက်ရှိ ဖြူဥသည့် ခြေချောင်းလေးများ ကုပ်နေရကာ ချော်ကျမှာကိုလည်း မသိစိတ်က စိုးရိမ်နေရသည်။

COTTON CANDYWhere stories live. Discover now