Zawgyi
"နှုတ်ဆက်လိုက်ဦး ကျန်းရှင်း၊ ဒါက ငါ့လက်ထောက်အသစ်လေ။ ဆူဟိုရေ ဒါက ဒီအိမ်ပိုင်ရှင်လည်း ဟုတ်သလို Zhang Group ရဲ့ CEO ။ကျန်းရီရှင်းလို့ခေါ်တယ်။"
ညီမဖြစ်သူရဲ့ စကားထက် မျက်စိရှေ့က ကောင်လေးရဲ့ အပြုအမူကိုသာ ရီရှင်း အာရုံစိုက်နေသည်။အီတလီကနေ ပြန်လာစဉ် ခရီးမှာကတည်းက လက်ထောက်အသစ်လိုကြောင်းကို အသည်းအသန်ဖုန်းဆက်၍ပြော
ခဲ့သော ညီမဖြစ်သူ ရွေးချယ်လိုက်သည့် ဝန်ထမ်းအသစ်က ထိုကောင်လေးဖြစ်နေလိမ့်မည်ဟုရီရှင်းလုံးဝ မထင်ထားခဲ့။ကံကြမ္မာသည် ကြိုတင်မှန်းဆလို့ မရနိုင်သည့်အရာပင်။ဒီကောင်လေးကို ပထမဆုံးအကြိမ်အနေနှင့် လွန်ခဲ့သော၂ရက်က မွန်ဆောင်းကျောင်းခန်းမ ကော်ရစ်တာရှေ့၌ ငုတ်တုပ်လေးထိုင်နေကတည်းက ရီရှင်းသတိထားမိ
သည်။ ထိုနေ့က ရီရှင်းလည်း ဟောပြောပွဲမစခင် ခဏအပြင်ထွက်ကာ လေညင်းခံရင်းနေသည့်အခိုက်မြင်တွေ့ရခြင်းဖြစ်သည်။မြင်နေကျကျောင်းသားများနှင့်မတူပဲ ကောင်လေးပုံစံက နွမ်းလျနေသော်လည်း အေးချမ်းသည့်အသွင်။ဖြူဖျော့ဖျော့ မျက်နှာနုနုထက်၌ ချွေးစက်များ သီနေအောင်ကျနေသော်လည်း လက်ထဲက ကျစ်ကျစ်ပါအောင်ဆုပ်ထားသော စာရွက်အပိုင်းအစကိုဖြန့်ကြည့်ရင်း ပြုံးလိုက်၊ ခဏကြာလျှင် ညို့မှိုင်းသွားလိုက်နှင့် ဘာကို အလိုမကျမှန်းမသိသည့် မျက်နှာငယ်က
အပြစ်ကင်းစင်လွန်းပြီးရီရှင်း၏ အာရုံကို
ထူးထူးခြားခြား ဖမ်းယူနေသည်။နောက်တနေ့ ကုမ္ပဏီ Magazine အတွက် PhotoShooting လုပ်သည့်နေ့ကလည်း တိုက်တိုက်ဆိုင်ဆိုင် Bakery Delivery လာပို့သည့်ကောင်လေးအသွင်
ဖြင့် ရီရှင်းမျက်စိရှေ့ရောက်လာပြန်သည်။အလကားနေ အာရုံလာစားနေသော နိုမင်ဂျူကြောင့်စိတ်ရှုပ်ရသဖြင့် အလိုလို ဒေါသထွက်နေသည့်အခိုက်ရီရှင်းကောင်လေးကို မမှတ်မိခဲ့သည်ကတော့အမှန်ပင်။နဂိုကတည်းက စိတ်မရှည်တိုင်း ပေါက်ကွဲ
လေ့ရှိသည်မို့ သောက်နေကျ အအေးပင် အရသာဆိုးဝါးနေသလိုပင် ခံစားရသည်ကို ဘာမှမဆိုင်သောကောင်လေးအပေါ် ရမ်းကားသလိုဖြစ်သွားသော်လည်းဘာမှမပြောရှာသည့်အပြင် ကောင်လေးထပ်ပြင်ပေးလိုက်သည့်အအေးအရသာက ဒေါသထွက်
နေသော ရီရှင်းကိုပင်ချက်ချင်း အာရုံပြောင်းအောင်ဆွဲဆောင်နိုင်သည်။
YOU ARE READING
COTTON CANDY
Romance☁Cotton candy skies why can't you be mine?☁ #Xingho Fanfiction #Primrose_vanilla Cover by @Amaryllis_Lian