EPISODE 46

202 36 9
                                    

Zawgyi

"ခြံတံခါးပြင်တာ၊ အုတ်နံရံ ပြုပြင်ပြီးဆေးသုတ်တာ၊ ဥယျာဉ်အသစ် ထပ်စိုက်တာ၊ နှစ်ထပ်အိမ်ဆောက် တာအကုန်စုစုပေါင်း ဝမ် သိန်း၈၀၀လောက် ပမာဏ ကို ခမည်းခမက်တို့အိမ်အတွက် အသုံးပြုလိုက်ရ တယ်တဲ့၊မထင်မိဘူးပဲ ငါတို့ CEO Zhang ရဲ့ စီမံ ကိန်းက အဲ့နေရာမှာ ရှိနေလိမ့်မယ်လို့လေ "

Note book ထဲက report ကို ရိရှင်းဘက်ကို လှည့်ပြရင်း ပြုံးပြုံးရွှင်ရွှင်နဲ့ပြောလာတဲ့ မားရဲ့ စကားကိုရိရှင်း ငြိမ်သက်ရင်းသာ နားထောင်နေသည်။

မားရဲ့ ချိုသာပြေပြစ်တဲ့လေယူလေသိမ်းရဲ့နောက်မှာဖြေရှင်းချက်လို့ အမည်တပ်ထားတဲ့ တဖက်သတ် ဆန်တဲ့ အကြောင်းပြချက်တွေအတွက်လုံလောက်တဲ့ အချိန်ယူထားဖို့ ရိရှင်းကို သတိပေးရုံ သက်သက် ဖြစ်တာကိုသဘောပေါက်နေတဲ့ ရိရှင်းအတွက်တော့ ဒီအခြေ အနေက အဆန်းတကျယ်တော့ မဖြစ်ပေ။

"ခမည်းခမက်နဲ့ အဆင်ပြေအောင် တော်တော်လေးကြိုးစားခဲ့ရတယ်လို့တော့ ကြားရတာပဲ၊ဒါနဲ့များ CEO Zhangအနေနဲ့ ဘာလို့ ခြံဝန်းတဝန်းစာ မဝယ် ပေးခဲ့သလဲတော့ အံ့ဩမိသား"

လက်ထဲမှာ ကိုင်ထားတဲ့ ကျောက်စိမ်းဖောင်တိန်ကိုအသာ စားပွဲပေါ်တင်ပြီးကွေ့ဟွားပန်းလက်ဖက်ရည်ကို မား သောက်နေချိန်မှာ ရိရှင်း အနည်းငယ်တော့ မျက်ခုံးပင့်မိလိုက်သည်။ မသိစိတ်ကတော့ အလိုလိုအာရုံရနေသည်၊ ဒီနေ့တရက်စာတော့ မားရဲ့ ဘယ် စကားကိုမဆို နာခံဖို့နဲ့ အတိုက်အခံလုပ်မိမှာကို
အတတ်နိုင်ဆုံး ရှောင်နိုင်ဖို့ကိုပင်။

မားရဲ့ တနေ့တာမှာ သောက်လေ့ရှိတဲ့ ရေနွေးကြမ်းတွေထဲမှာ ကွေ့ဟွားပန်းလက်ဖက်ရည်ဆိုတာ သူမ ရဲ့အလွန်အမင်း စိတ်ဖိစီးမှုနဲ့ သောကတွေကို လျော့ ချစေဖို့ ပါမောက္ခသမားတော်ကိုယ်တိုင် အသစ်ညွှန်း ထားတဲ့ ဆေး၊ တနည်းအားဖြင့် စိတ်တိုပေါက်ကွဲ လွယ်တတ်တဲ့ အချိန်တွေအတွက် ဖြေဆေးတမျိုး ဆိုလည်း မမှားပေ။

ထို့ကြောင့် ရိရှင်း စိတ်ကို အတတ်နိုင်ဆုံး ပေါ့ပါးစွာထား၍ တုံ့ပြန်ချက်တစ်ခု ပေးလိုက်သည်။

"အဲ့အတွက် ကုန်ကျစရိတ်ကို ကျွန်တော့်ကိုယ်ပိုင်ငွေထဲကနေပဲ သုံးတာပါ၊ ကုမ္ပဏီနဲ့ ဘယ်လိုမှ သက်ဆိုင်မှုမရှိပါဘူး"

COTTON CANDYWhere stories live. Discover now