EPISODE 14

893 105 19
                                    

Zawgyi

"Ring....ring....🎶"

စောစောစီးစီး ဖုန်းသံကြောင့် ဆူဟို စိတ်
ညစ်သွားသည်။ဒီနေ့ ကျောင်းပိတ်ရက်မလို့ တနေကုန်အိပ်ပစ်မည်ဟု ကြုံးဝါးသမျှ အနှောင့်အယှက်နှင့် တွေ့နေသည်။ ဆူဟို
သည် များသောအားဖြင့် သဘောကောင်း
တတ်သော်လည်း အားမနာတမ်း စိတ်တိုစေသည့်အချက်မှာ အိပ်ကောင်းခြင်းကို
လာရောက် ဖျက်စီးတတ်သူများကိုပင်။

"ပြော ဘယ်သူလဲ!!"

မျက်လုံးလည်း မပွင့် အိပ်ရာလည်းမထဘဲ
မှောက်ရက်လှဲနေရာကနေ အနားရှိဖုန်းကို လက်ဖြင့်စမ်းရင်း ကိုင်ကာ တဖက်က
ဘယ်သူပဲဖြစ်ဖြစ် အိပ်ချင်မူးတူးနှင့်
ပိတ်ငေါက်လိုက်တော့

"အပေါ်ထည် တစ်ခုခု ဝတ်ပြီး ဆင်းလာခဲ့"

ခပ်ရှရှနှင့် ရင်းနှီးနေသလိုရှိသည့် အသံ
ကြောင့် ဖုန်းနံပါတ်ကို တစ်ချက်ကြည့်
လိုက်သော်လည်း unkown
ဖြစ်နေသည့်အတွက် ရုတ်တရပ် စဉ်းစား၍ မရ။

"အခုဆက်နေတာ ဘယ်သူ...."

"ကိုယ် အိမ်ရှေ့မှာ ကားထဲက စောင့်နေ
မယ်။အချိန် ၁၀မိနစ်ပဲရမယ် ဘေဘီ။
မဟုတ်ရင် ကိုယ်တိုင်လာခေါ်မယ်"

အခုမှ အမှန်တကယ် ငေါက်ခနဲ ထထိုင်ကာ ဆူဟို မျက်လုံးကျယ်သွားသည်။စောစော
စီးစီးကြီး ဘယ်ကိုများ သွားစရာရှိလဲမသိ။
မေးရန်ပင် အချိန်လည်းမရလိုက် တဖက်က ဖုန်းချလိုက်သည့်အတွက်။

"ဟာကွာ...ရှားရှားပါးပါးပိတ်ရက်လေးမှာ
အိပ်ပါမယ်ဆိုမှ"

ဆံပင်တွေအကုန်ထိုးဖွကာ စိတ်ညစ်ညစ်နဲ့ ဆူဟို ပွစိပွစိပြောနေပေမယ့်လည်း ကုတင်
ပေါ်က ဆင်းကာ မျက်နှာသစ် ရေချိုးဖို့လုပ်ရသည်။ လိုချင်တာ ချက်ချင်းမရရင်
ပြသာနာရှာမည့် အရေးကြီးပုဂ္ဂိုလ်အတွက် ဦးစားပေးပြီး အဝတ်အစားလဲပြီးနောက်
နာရီကြည့်တော့ ၇မိနစ်ပင်ရှိပြီ။

"မကျေနပ်ဘူး၊ နည်းနည်းလေးမှ
မကျေနပ်ဘူး"

ဆူဟို ပေကပ်ကပ်ဖြင့် ဆောင့်အောင့်ရင်း
အိမ်ပေါ်မှ ဆင်းလာပြီး အိမ်တံခါးမကြီး
အပြင်ဘက်ကို ရောက်တော့ အိနြေ္ဒတခွဲသားနှင့် သပ်ရပ်ပြီး အထာကျနေသည့်
ထိုလူကြီးက ကားကို မှီရင်း နာရီတကြည့်
ကြည့်ဖြင့်။ဆူပုတ်ကာ ခပ်သွက်သွက်
လျှောက်လာသော ဆူဟို
က ကားနားရောက်ခါနီးတော့ သူ ပြုံးရင်း တံခါးဖွင့်ပေးပေမယ့် လှည့်ပင်မကြည့်ဘဲ ကားထဲဝင်ထိုင်လိုက်သည်။

COTTON CANDYWhere stories live. Discover now