Zawgyi
လွန်ခဲ့သော တစ်ပတ်ခန့်က
မွန်ဆောင်း ကိုယ်ပိုင် အထက်တန်းကျောင်း
"ကလင်~~~~ကလင်~~~~ကလင်"
ဘဲလ်သံကို ခဏခဏတီးရင်း ဆူဟို စက်ဘီးကို အတတ်နိုင်ဆုံးမြန်မြန်ဆန်ဆန်နင်းသည်။ လက်ပတ်နာရီကို ကမန်းကတန်းကြည့်တော့ ၈း၅၅ မိနစ်ဟု အတိအကျညွှန်ပြနေသည်။
"ဘေးကို.....ဘေးကို........."
လူများလာသော ကျောင်းလမ်းနား၌ ဘဲလ်သံလောက်နှင့်တိုးမပေါက်တော့သည်မို့ ပါးစပ်ကပါ မနားတမ်း
အော်နေရလောက်အောင် ဆူဟို အရေးတကြီးဖြစ်နေသည်။"ဟာ သောက်ပလုပ်တုပ်.... ကင်ဆူဟို ဘယ်လို ဖြစ်
လို့ အသည်းအသန်တီးနေရတာတုန်းကွ။ ခုထိ ၅မိနစ်လိုသေးတယ်လေကွာ။"ဝင်တိုက်မိမလိုဖြစ်သွားသော အတန်းဖော်သူငယ်ချင်း
မင်ဟို အော်ဟစ်ရင်းနောက်မှာကျန်ခဲ့သည်ကိုလည်း
လက်သာလှမ်းပြပြီးနောက် ဆူဟိုကျောင်းတွင်းသို့
အမြန်ဝင်သွားသည်။"Seon-saeng- nim~~~~~~~"
ခန်းမအဝင်ပေါက်နားနေခန်း၌ စောင့်နေသော ဆရာမကိုတွေ့တွေ့ချင်း ဆူဟိုလှမ်းအော်ခေါ်လိုက်သည်။
"အော် ဆူဟိုရေ...."
၎ထပ်ကို ဓာတ်လှေကားမစီးပဲ ခြေကျင်ပြေးတက်ခဲ့
တာမို့ အတန်းပိုင်ဆရာမရှေ့၌ ဆူဟို ဟောဟဲစိုက်နေ
တာမို့ ခဏ ခြေထောက်၂ဖက်ပေါ် လက်တင်ပြီး ကုန်းကုန်းကွကွ အမောဖြေနေရသည်။"စာရွက်တွေက ဒီမှာပါ.....ကျွန်တော်အချိန်မီပါ
တယ်နော် ဆရာမ....။"စာရွက်တွေကို အရှေ့အနောက်စစ်ကြည့်ပြီးနောက်
ဆရာမ"ကျေးဇူးပါပဲ သားရယ် စာရွက်တွေလည်း စုံတယ်။
အခုမှ စတော့မလို့ သားရောက်တာနဲ့ကွက်တိပဲ။"ချွေးပြိုက်ပြိုက်ကျရင်း မနက်စောစောစီးစီး ပင်ပန်း
သွားရသော ဆူဟိုကို ကြည့်ရင်း ဆရာမလီမှ ဂရုဏာအကြည့်ဖြင့်"မနက်စာရော စားခဲ့ရဲ့လား ဆူဟို။"
ညီညာသွယ်တန်းလှသည့် သွားဖွေးဖွေးများကို လှစ်ကနဲနေအောင် ရယ်ပြရင်း ဆရာမစိတ်မပူစေဖို့ ခေါင်းကိုအပြီအပြင် ငြိမ့်ပြတော့မှပဲ

YOU ARE READING
COTTON CANDY
Romance☁Cotton candy skies why can't you be mine?☁ #Xingho Fanfiction #Primrose_vanilla Cover by @Amaryllis_Lian