Zawgyi
ဆူဟို ဥက္ကဌကြီးနားနေရန်အခန်းကို သေချာ
ပြင်ဆင်ပေးပြီးနောက် ပြန်ထွက်လာသောအချိန်မှာ
၁၀နာရီကျော်ခန့်ရှိနေပြီ။ အသက်ရှူရန်ပင်မေ့လျော့နေ
သူလို အခန်းပြင်ရောက်မှ လေကို ဖြေးဖြေးချင်းရှူရင်း
ကိုယ့်ကိုကိုယ်လဲကျမသွားအောင် သတိထားနေရ
သည်။တခြားဘာအတွေးမှမထွက်လာသေးခင်မှာ စိတ်က ဦး
ဆီရောက်နေသည့်အတွက် ဒီကိစ္စအတွက် ဦးဘယ်လို
များဖြေရှင်းချက်ပေးလိမ့်မလဲဆိုတာကိုတွေးရင်း
ရင်မောနေရသည်။မီးရောင်ပျပျသာရှိသည့် လှေကား
ကနေတဖြေးဖြေးချင်းတက်သွားပြီး ဦးရဲ့အခန်းဆီကို
အရင်သွားသည်။"ဒေါက်...ဒေါက်..."
တံခါးခေါက်ပြီး အသာအယာဖွင့်လိုက်တော့ မှောင်မိုက်
နေသော အခန်းကြောင့် ဆူဟို့စိတ်ထဲ အနည်းငယ်တုံ့
ဆိုင်းသွားသည်။တနေကုန်ပင်ပန်းသွားလို့ စောစောအနားယူတာဆိုကိစ္စမရှိပေမယ့် ဦးက ဒီအချိန်ဆို အိပ်
နေမကျသည်မို့ ဆူဟို့စိတ်ထဲ တမျိုးတမည်ဖြစ်နေခြင်း။တခါတလေတော့ ဦးလည်း ကောင်းကောင်းအနားယူ
စေချင်သည့်အတွက် အနှောင့်အယှက်ဖြစ်မည်ဆို
သောကြောင့် အခန်းပြင်ပြန်ထွက်မည့်အခိုက်
မရင်းနှီးသည့် အငွေ့အသက်ရနံ့အချို့ကြောင့် ဆူဟို
လှည့်ကြည့်မိသည်။စိတ်အထင်သက်သက်မဟုတ်
ကြောင်း တငွေ့ငွေ့ပျံ့လွင့်နေသည့် မီးခိုးငွေ့တို့ကို
တွေ့မြင်ရမှသိလိုက်သည်။"ဦး...."
ခပ်မှိန်မှိန်လရောင်အောက်၌ ထင်သာလျက်ရှိသော
ဦးရဲ့ ခန့်ညားသည့် မျက်နှာချောချောက အတွေးနယ်
ထဲ နစ်မြောနေသည့်လူတစ်ယောက်နှယ်။ဆူဟို့ခေါ်သံ
ကြားမှ လက်ထဲက စီးကရက်ကို ရှိုက်ဖွာကာ
အခိုးအငွေ့တို့ကို မှုတ်ထုတ်ပြီးနောက် လက်ကျန်ကို
မီးငြှိမ်းလိုက်သည်။"ဆောရီး...ဘေဘီ။ရောက်နေတာကြာပြီလား"
နွမ်းလျနေသည့်ကြားမှ ဖျော့တော့သော အပြုံးတို့ဖြင့်
ဆူဟို့ကို ကြည့်နေသော ဦး၏ အသွင်သည် ဘာလို့မှန်း
မသိ နာကျင်ခံစားနေရလွန်းသလို။တခါမှ မသိခဲ့ဖူး
သော ဦးရဲ့ပုံရိပ်တစ်ခုက ဆူဟို့အတွက် ဝမ်းနည်းမှုကို
အလိုလို ဖြစ်တည်လာစေသည်။
YOU ARE READING
COTTON CANDY
Romance☁Cotton candy skies why can't you be mine?☁ #Xingho Fanfiction #Primrose_vanilla Cover by @Amaryllis_Lian