EPISODE 47

216 32 4
                                    

Zawgyi

အချိန်တစ်နာရီကြာ ပြင်ဆင်လို့ အပြီးမှာတော့ ဆူဟို Zhang မိသားစုဝင်တွေနဲ့တွေ့ဖို့ အဆင်သင့် ဖြစ်နေ၏။ စိတ်လှုပ်ရှားမှု ထွေပြားမှု မဖြစ်စေရန် ပထမဆုံး တွေ့
ဆုံရာတွင် သတိထားရမည့် အချက်များကို ကိုယ့်ဘာသာ စိတ်တွင်းမှ မှတ်သားနေသည်။

သို့သော် တွေ့ရမည့်အခါ အနည်းနှင့် အများတော့ အခက်တွေ့လိမ့်မည် ထင်သည်၊ မနေ့ညကတည်းက ရောက်လာခဲ့ပေမယ့် နှုတ်ဆက်ဂါရဝပြုတာမျိုးဘာမှ မလုပ်ပဲအိမ်ပေါ်အခန့်သားတက်နေသလို ဖြစ်သွားသည့် သူ့ကို Zhang မိသားစုတွေက ဘယ်လို မြင်ကြလိမ့်မလဲ သူစိုးရိမ်သည်။

တွေးလေလေ သူ ဦးကို စိတ်တိုလာသည်။ တကယ်ဆို ဘယ်လိုပဲ အိပ်ပျော်နေနေ သူ့ကိုတော့ နှိုးပြီး အကျိုးအကြောင်းတိုင်ပင်ထားသင့်သည်မလား။ အခုတော့ တကယ်တမ်းတွေ့ဖို့အတွက် တယောက်တည်း ဘာမှ ရေရေရာရာမသိပဲပြောရဆိုရတော့မည်။

"အစ်ကိုလေး တစ်ခုခု အဆင်မပြေတာများရှိလို့လား"

ရှောင်းယင်းက ထိုင်ခုံ၌ ထိုင်ကာ အတွေးများနေသည့် ဆူဟို့အတွက် ကွေ့ဟွားပန်းလက်ဖက်ရည် ငှဲ့ပေးလျက်မေးသည်။ ငြိမ်သက်နေသည့်တိုင် အလိုမကျဖြစ်နေသည့် ဆူဟို့ပုံစံက တဖက်လူ မြင်သာသည်အထိ ဖြစ်
နေလိမ့်မည်လို့တော့ ကိုယ်တိုင်လည်း မထင်ခဲ့။

"ရှောင်းယင်း ကျွန်တော် တစ်ခုလောက်မေးချင်လို့"

ကြွေရေနွေးပန်းကန်လုံးလေးအား ဆူဟို့အနားထိတိုးပေးပြီးနောက် လက်နှစ်ဖက်ကို ယှက်ကိုင်ထားကာ ပုံစံတကျနေရာ၌ ရပ်ကာ ဖြေသည်။

"ဟုတ်ကဲ့ မေးပါ"

ပန်းရနံ့သင်းသင်းနှင့် လက်ဖက်ရည်အား တခါတည်းအကုန်သောက်လိုက်ပြီးနောက် ဆူဟို စတင်၍ ပြောသည်။

"ကျွန်တော် အခုမှ Changsha ကို ပထမဆုံးရောက်ဖူးတာဆိုတော့ မြင်မြင်သမျှက ကျွန်တော့်အတွက်အသစ်အဆန်းဖြစ်နေတာ၊ ဒီတော့ Zhang အိမ်ရဲ့ အလေ့အကျင့်က ဘယ်လိုရှိလဲဆိုတာလည်း သေချာမသိသေးဘူး၊ နောက်ပြီး"

လက်ချောင်းတို့ကို ဆော့ကစားရင်း တစ်စုံတစ်ရာကို ပြောလိုသော်လည်း ပြောသင့်၊မပြောသင့်ကို မှန်းဆနေသည့် ဆူဟို့စိတ်ကို အနည်းငယ် အကဲခတ်နိုင်လိုက်သည့် ရှောင်းယင်းက ပြုံးပြုံးရွှင်ရွှင်ဖြင့်

COTTON CANDYWhere stories live. Discover now