EPISODE 18

646 91 11
                                        

Zawgyi

"သူက လက်ရှိပြင်သစ် သံအမတ်ရဲ့သမီး၊ ကိုယ်တို့နဲ့
လုပ်ငန်းသစ်အတွက် လက်တွဲဖို့လာတာ"

ရီရှင်း လုပ်လက်စအလုပ်တွေ လတ်စသတ်ပြီးတော့
လက်ကိုရေဆေးကာ လက်ကိုင်ပဝါဖြင့်သုတ်လိုက်
သည်။ထို့နောက် ဆူဟိုရှိရာ စားပွဲဘက်သို့လှည့်ကာ
လက်ထောက်၍ မျက်လုံးအဝိုင်းသားလေးနှင့် မှင်သက်
စွာကြည့်နေရှာသော ဆူဟို့ရုပ်ကလေးကို ပြုံးရင်း
ကြည့်သည်။

"သူ့အမေက ကိုယ်တို့ လုပ်ငန်းရဲ့ အဓိက ရှယ်ယာရှင်
အသစ်ပဲ။ဒီနေ့အတွက်အရေးအကြီးဆုံးပုဂ္ဂိုလ်ပေါ့"

"ဒါဆိုရင် သူတို့က ဆိုးလ်မှာပဲနေကြတော့မှာလား"

"Ms. Rochelle ပဲ ကိုယ်စားလှယ်အနေ ကျန်ခဲ့လိမ့်
မယ်"

"သွားပါပြီ"

စိတ်ပျက်လက်ပျက်နဲ့ လက်တင်ထားတဲ့ စားပွဲပေါ်
ခေါင်းမှောက်ချလိုက်သည့် ဆူဟို့ကြောင့် ရီရှင်းတောင်
စိတ်ပူသွားသည်။

"ဘာဖြစ်လို့လဲ ဘေဘီရဲ့"

"ဟင့်အင်း ဘာမှမဟုတ်တော့ပါဘူး..."

"မဟုတ်ပါဘူး၊ ပြောစရာရှိပြောပါ။ ဘေဘီတစ်ခုခု
မကျေနပ်တာဖြစ်သွားလို့မလား"

"အဲ့လိုမျိုးမဟုတ်ပါဘူးဆို..."

တအီအီနဲ့ ဂျီကျသလို ခပ်တိုးတိုး ပြောနေတဲ့ ဘေဘီ့
ဘက်ကို ရီရှင်းလှည့်သွားလိုက်ပြီး ခပ်အိအိ ဆံစလေး
တွေကို ပွတ်သပ်ပေးလိုက်ကာ

"အကယ်၍ ကိုယ်သာ အဲ့လိုမပြောခဲ့ရင် ကိုယ့်ဘေဘီ
လေး သူများနောက် ကောက်ကောက်ပါစရာမလိုပဲ
ကိုယ်တိုင် တခါတည်း ထည့်ပေးလိုက်သလိုဖြစ်နေမှာ"

ခပ်စောင်းစောင်းလေး မော့ကြည့်လာတဲ့ ဘေဘီက
မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့် ထုံးစံအတိုင်း
ရီရှင်းဆိုလိုသည်ကို သဘောမပေါက်ရှာသေး။

"လိုက်လာခဲ့"

လက်ကလေးကို ဆွဲခေါ်ကာ ဧည့်ခန်းရှိဆိုဖာပေါ်ခေါ်
သွားသည်။ဘေဘီ့ကို အရင်ထိုင်စေပြီးနောက် ရီရှင်း
လည်းထိုင်ရင်း ဘေဘီ့ကို ဆိုဖာ၌ လှဲခိုင်းတော့၂ခါမ
ပြောရသော အဆိုးလေးက ချက်ချင်းလှဲလိုက်ပြီး
ရီရှင်းပေါင်ပေါ် ခေါင်းတင်ကာ ရီရှင်းမျက်နှာကို
မော့ကြည့်သည်။

COTTON CANDYWhere stories live. Discover now