EPISODE 49

240 33 4
                                        

ZAWGYI

စူးစမ်းနေသည့် မျက်လုံးများ အကြား၌ ဆူဟို ခေါင်း များပင် မူးဝေလာသလို ခံစားလာရသည်။

"ငါတို့ ခေါင်းဆောင်ကြီးမှာလည်း မထင်မှတ်ပဲ တပည့်ကောင်းလေးတွေရှိနေတာပဲနော်"

မထီမဲ့မြင်ပုံနဲ့ ဆူဟို့ကို သံသယရှိတဲ့ အကြည့်တွေ ကူး
ပြောင်းလာတဲ့ အမျိုးသမီးကြောင့် ဘာကိုဆိုလိုချင်မှန်း
သေသေချာချာမသိပေမယ့် အကြီးအကျယ် အထင်လွဲ
ခံနေရပြီ ဆိုတာတော့ သိသည်။သို့ပေမယ့် ဘယ်ကနေ
ဘယ်လို စရှင်းပြရမလဲဆိုတာ အကျပ်ရိုက်နေသည့်
အတွက် ဘာစကားတခွန်းမှ ရှာမရသလို၊ အမှားအယွင်း
ဖြစ်ခဲ့ရင် ပြန်ဖြေရှင်းလို့ မရပဲ ဖြစ်မှာကိုလည်း စိုးရိမ်
နေရသည်။

"ဒုခေါင်းဆောင် ဒီနေရာကို ဘာကိစ္စရှိလို့လာတာလဲ၊ Schedule အရ ဆို ဒီနေ့ ရုံးချုပ် အစည်းအဝေး တက်နေရမှာ မဟုတ်ဘူးလား"

တဖက်က အမျိုးသမီးကို တည်တည်ငြိမ်ငြိမ်နဲ့ ပြတ်
ပြတ်သားသား မေးလိုက်တဲ့ ခေါင်းဆောင်ဆိုသူကြောင့်
ထို အမျိုးသမီးက ခနဲ့တဲ့တဲ့ ရယ်သည်။

"ခေါင်းဆောင်ကျေးဇူးနဲ့ နေရာကောင်းကို ရောက်ခဲ့ရတဲ့ ငါက ခုထိ အရင်ဌာနဟောင်းကို သံယောဇဉ်မပြတ်သေး
တော့ လမ်းကြုံလို့ ဝင်လာရင်းနဲ့ ဘာတွေများအပြောင်း အလဲတွေဖြစ်နေပြီလဲဆိုတာ စကားစမြည် ပြောနေရုံပါ"

"တိုက်တိုက်ဆိုင်ဆိုင် ခေါင်းဆောင်ပါရောက်လာတော့
အတော်ပဲပေါ့၊ ငါ အကူအညီတောင်းစရာလေးလည်း
ရှိနေတယ်"

ထို အမျိုးသမီးရဲ့ အကြည့်တွေက အပြောလောက် မရိုး
စင်းမှန်း ဆူဟို စိတ်ထဲ ခံစားမိနေသည်။ ပထမဆုံးတွေ့
ဖူးသည့် အမျိုးသမီးတစ်ယောက်ကို အခုလို မဝေဖန်
သင့်သော်လည်း ဆူဟို့ အတွေးကတော့ ပုဂ္ဂိုလ်ရေးအရ
တင်းမာမှုများရှိနေသူ နှစ်ဦးကြား မှားယွင်းစွာ ဝင်လာမိ
သည့် ကိုယ့်ကိုယ်ကိုလည်း မခံမရပ်နိုင်ဖြစ်ရသလို ဝင်
ပြောဖို့ကျတော့လည်း အဆင်မပြေလောက်ဟုသာ ထင်
နေ၏။

ခေါင်းဆောင်ဆိုသူမှာလည်း အံ့ဩစရာကောင်းလောက်
အောင် တည်ငြိမ်လွန်းသည်၊ ခုနက မတော်တဆမှုက
တော်ရုံတန်ရုံမဟုတ်သည့်အပြင် လက်ခုံးဆစ်ထိသွား
သည့် သူတောင် တဖြေးဖြေးနှင့် ကိုက်ခဲလာသလို ဖြစ်
နေတာ၊ ထို ပုဂ္ဂိုလ်အပေါ် ပြုတ်ကျခဲ့သည့် သံတုတ်မှာ
လည်း မနည်းသည့် ပမာဏပေပဲကို၊ ဘာလို့များ တစ်ခု
မှ မခံစားရသလို နေနိုင်နေပါလိမ့်။

COTTON CANDYWhere stories live. Discover now