Zawgyi
ဆူဟိုကတော့ အထူးတလည်အနေနဲ့ ပြောဆိုလိုက်ပေ မယ့် သူကတော့ သိပ်ပြီး အံ့ဩနေပုံမရ။ ပုံမှန်သတင်းတခုလို ခေါင်းညိတ်ပြီး အသိအမှတ်ပြုရင်း ဆူဟို့လက်တွေကိုသာ ကိုင်ထားမြဲ ဖြစ်သည်။
"အင်း... ဒါဆို Baby သိတဲ့ သတင်းက သိပ်ကြာနေခဲ့ပြီ၊ update ဖြစ်တဲ့ သတင်းရော ဘာကြားသေးလဲ"
အမှန်တိုင်း ပြောရရင် Changsha ရောက်ကတည်းကမင်ဟိုတို့ရယ်၊ ဆိုဟီးရယ်ကလွဲလို့ တခြား ဘယ်သူနဲ့မှတောင် အဆက်အသွယ်မလုပ်ဖြစ်သလို online လည်းမသုံးဖြစ်ခဲ့ပေ။နေမကောင်းဖြစ်နေတာရော၊ ပင်ပန်းနေရတာကြောင့်အပါအဝင် Zhang မိသားစုဝင်တွေနဲ့ ပက်သက်တာကလွဲလို့ ကျန်တာ ဘာတစ်ခုမှ ခေါင်းထဲမရှိခဲ့တာလည်း ပါသည်။
ပညာရေးနဲ့ ပက်သက်လို့ တက်ရမယ့် တက္ကသိုလ်တွေရဲ့ ဝင်ခွင့်အတွက်တွေကိုတောင် မစုံစမ်းစမ်းရသေး သလို Fei Jie ရဲ့ အလုပ်ကိစ္စတွေနဲ့ ပက်သက်လို့လည်းဘာတစ်ခုမှ လုပ်ပေးတာမျိုးလည်း မရှိ။သေချာပြန်တွေးမိမှ ရက်သတ္တပတ်တစ်ခုသာ ကုန်သွားသည်အထိ ဘာတစ်ခုမှ ရေရေ ရာရာ မလုပ်ခဲ့မိပါလားဆိုသည့် အတွေးက ကွက်ကွက်ကွင်းကွင်း ပေါ်လာလို့ သက်ပြင်း
ချလိုက်မိသည်။ဆူဟို့ရဲ့ အတွေးကို ဖောက်ထွင်းမြင်လိုက်သည့်အလား ခေါင်းကို ခပ်ဖွဖွပုတ်ပေးပြီး ပုခုံးတဖက်ကို ဆွဲယူကာသူ့ရင်ခွင်ထဲ၌ မှီထားစေသည်။
"Baby ဒီရက်တွေမှာ အကျိုးရှိရှိနေခဲ့ပါတယ်၊ ကိုယ့် စကားနားထောင်ပြီး မြန်မြန်နေကောင်းလာအောင် နေတယ်၊ အစားကောင်းကောင်းစားတယ်၊ ဒီလောက်လိမ္မာတဲ့ ကောင်လေးကို ဘယ်သူမှ အပြစ်ပြောစရာအကြောင်းမရှိဘူး"
သူ့စကားကြောင့် ဆူဟိုတကယ် ရယ်မိသွားသည်။တခါတလေကျတော့လည်း ကိုယ့်ကိုကိုယ် မရင့်ကျက်သေးလို့ စိတ်တိုင်းမကျဖြစ်နေရသည့်ကြားမှ ဦးက ပိုလို့တောင် ကလေးဆန်နေသည့်အခါ ဒါကလည်း သဘော
ကျဖို့ကောင်းတဲ့ အရာတစ်ခုလိုသာ ဆူဟို မှတ်ယူလိုက်သည်။"CEO တယောက်ရဲ့ Recommend က သိပ်အဖိုးတန်တာနော် Baby, လူတိုင်း လိုချင်လို့တောင် အိပ်မက်မက်ရုံကလွဲလို့ မတတ်နိုင်တာ၊ Baby အပြည့်အဝ ယုံကြည်
လို့ ပြသာနာမရှိစေရဘူး"
YOU ARE READING
COTTON CANDY
Romance☁Cotton candy skies why can't you be mine?☁ #Xingho Fanfiction #Primrose_vanilla Cover by @Amaryllis_Lian