Zawgyi
"အရမ်းကြိုးစားတာပဲ။ ခဏလောက် အနားယူပါဦးလား"
Laptop မှာ အာရုံများပြီး အလုပ်ရှုပ်နေချိန် ရှေ့ကိုကမ်းလာတဲ့ Iced Chocolate ခွက်နဲ့အတူ တခါမှ မမြင်ဖူးတဲ့ ကျောင်းသားတယောက်ကြောင့် စာကြည့်မျက်မှန်လေးကို ပင့်ရင်းနဲ့ ဆူဟိုကြည့်လိုက်
သည်။ရုပ်ရည်ခပ်ချောချောနဲ့ အရပ်ရှည်ပြီး ကြည့်ကောင်းတဲ့ကျောင်းသားဟာ ဆူဟို တခါမှ မတွေ့ဖူးသလို မျက်မှန်းတမ်းမှန်းလည်းမရှိသည့်အတွက် ရုတ်တရပ်မို့ဘာပြောရမှန်း ဖြစ်သွားသည်။ထိုသူကတော့ ဆူဟို့ရဲ့ကြောင်တောင်တောင်ဖြစ်နေတဲ့ အမူအရာကြောင့်
ဟက်ခနဲ ရယ်လိုက်တော့ ဆူဟို အနေနဲ့ ထပ်ပြီးယောင်တောင်တောင်ဖြစ်ရပြန်သည်။"ဟိုလေ အားနာပေမယ့် ဘယ်သူလဲမသိ......"
"ဒီဘက်မှာ ထိုင်လို့ရလား"
"ဟမ်....အာ... Nae ရပါတယ်"
ကျောင်းက အတန်းချိန်တွေပြီးလို့ break time ရတုန်းရခိုက်မို့ အရိပ်အာဝါသကောင်းကောင်းရတဲ့ သစ်ပင်တစ်ပင်အောက်က မြက်ခင်းပေါ်မှာ အကျအနထိုင်နေပြီး Fei Jie ပြောတဲ့ ဥရောပက အလှအပဆုံးနဲ့ နာမည်ကြီးတဲ့ ဒေသအချို့အကြောင်းကို လေ့လာနေရာကနေစိတ်ဝင်တစားရှိမိတာမို့ အနီးအနားက အခြေအနေတွေတောင် သတိမထားမိသလိုဖြစ်သွားခဲ့သည်။
အခုလည်း ဘယ်ကမှန်းမသိတဲ့ ကျောင်းသားတစ်ယောက်က ဆူဟိုမေးကြည့်ရုံပဲ ရှိသေးသည်ကို စကားတောင်မဆုံးခင် ဘေးနားလာထိုင်သည့်အတွက် ကိုယ့်အသိဟောင်းများလာတွေးရင်းနဲ့ ဇဝေဇဝါဖြစ်သွားသည်။
"ကွန်ပျူတာကို အရမ်းအာရုံစိုက်ပြီးရင် အရသာရှိပြီးအေးတဲ့ သောက်စရာတစ်ခုခုရှိမှ စိတ်ကို ပြန်ကြည်လင်စေမှာ။ မဟုတ်ရင် လူက တော်တော်နဲ့ အမြင်မရှင်းတော့ ပင်ပန်းသွားရောလေ"
ထိုသူ ထိုင်နေတဲ့အချိန် ကျောင်းဝတ်စုံပုံ ကြည့်ကြည့်တော့ ဆူဟိုတို့လိုမျိုး အထက်တန်းနောက်ဆုံးနှစ်ကျောင်းသား။ တန်းခွဲတိုင်းက ကျောင်းသားတိုင်းကိုဆူဟိုသိပေမယ့် ဒီတယောက်တော့ တခါမှမတွေ့ဘူးသည်က သေချာသည်မို့ ကျောင်းသားသစ်များလား
လို့ စဉ်းစားမိသည်။
YOU ARE READING
COTTON CANDY
Romance☁Cotton candy skies why can't you be mine?☁ #Xingho Fanfiction #Primrose_vanilla Cover by @Amaryllis_Lian