EPISODE 33

457 68 40
                                    

Zawgyi

"ဒေါက်...ဒေါက်..."

"ဆူဟိုရေ Jieပါ ....ခဏလောက် ဝင်လာမယ်နော်"

တံခါးက သော့ခတ်ထားပုံ မပေါ်လို့ ဖွင့်ပြီးတော့ ယွိဖေးဝင်လိုက်သည်။

"Fei Jie..."

ခန်းစီးတွေ အကုန်ကာထားပြီး အခန်းမီးပါ ပိတ်ထား
တော့ နေ့ခင်းလို့တောင် မထင်ရအောင် အခန်းက မှောင်ကျနေသည်။ယွိဖေးကို ခေါ်လို့ အမှတ်တမဲ့ ကြည့်လိုက်တော့ ကုတင်ဘေးက ကြမ်းပြင်ပေါ်မှာ ကျုံ့ကျုံ့လေးထိုင်နေတဲ့ ဆူဟို့ကို တွေ့သည်။

"ငိုနေတာလား"

ငူငူငိုင်ငိုင်လေး ထိုင်နေပုံက မြင်ရတာနဲ့တင် သနားစရာ။ဒီကိစ္စက ဒီလောက်ဖြစ်ဖို့လည်း မကောင်းပါပဲနဲ့ တွေးလေလေ Zhang Ge ကိုသာ အပြစ်ပြောချင်လာသည်။

"မဟုတ်ပါဘူး....ခုနက အိမ်ကို ဖုန်းဆက်နေလို့"

နားမှာ တပ်ထားတဲ့ အပြာရောင် Headphone လေးကို ဖြုတ်ပြီး ကုတင်ပေါ်လှမ်းတင်ကာ လူက တော့ နဂိုနေရာမှာသာ နေသည်။ ယွိဖေးလည်း သူ့နဲ့ မနီးမဝေးမှာ ထိုင်လိုက်သည်။

"ဩော်...အိမ်က မိသားစုတွေရော နေကောင်းတယ် မလား"

"ဟုတ်...သူတို့က ကျွန်တော့်ကို တခါလောက် အိမ် ပြန်လာဖို့ ပြောနေတာ"

"ဒါပေါ့...အိမ်ကိုတော့ပြန်သင့်တာပေါ့၊ဘယ်တော့
ပြန်ဖို့ လုပ်ထားလဲ"

"လောလောဆယ်တော့ မသွားဖြစ်လောက် သေးပါ ဘူး"

တွေးတွေးဆဆ ပြောနေတဲ့ပုံက နောက်ကြောင်း စိတ်
အေးစရာမရှိလို့ တနေရာရာသွားဖို့တောင် မသွားနိုင် မလာနိုင်ဖြစ်နေသလိုပင်။ဒါကလည်း ဘယ်သူ့ ကြောင့်ဆိုတာ သိသာနေသား။

"စိတ်မချဘူးမလား....ကိုယ့်လူကိုလေ"

ယွိဖေးဆီက စကားကြားတော့ ခပ်ဖျော့ဖျော့ရယ် သည်။

"ပြောလို့မရဘူးလေ ခုတောင် ဘယ်သူရှိနေမှန်း မသိဘူး...ကျွန်တော့်ကို ရန်လုပ်နေတာ"

တခါတရံ ကြီးကြီးမားမား ကိစ္စတွေက လိုတာထက် ပိုပြီး လောင်စာထည့်လိုက်ရင် ပြေလည်တတ်တဲ့ သဘောရှိသည်ပဲ။ တခါလောက်တော့ အသုံးချ ကြည့်လည်းဘယ်လိုများရှိမလဲယွိဖေး သိလိုစိတ်နဲ့ စမ်းကြည့်သည်။

COTTON CANDYWhere stories live. Discover now