EPISODE 11

810 109 6
                                    

Zawgyi

"ချစ်တယ်.... ဦး။အသက်မက ချစ်မိသွားလို့
ထပ်ပြီး မထားခဲ့ပါနဲ့တော့နော်"

ပြန်တွေးကြည့်လေလေ ကြည်နူးရလေလေမို့ မနက်စောစောစီးစီး ပြုံးရွှင်နေသည့်ကျန်ရီရှင်း အဖြစ်ကို တခြားသူသာမြင်လျှင် ဤမျှပင်အကဲပိုရသည်လားမေးလျှင်လည်း မတတ်နိုင်ပါ။

ဘေဘီကိုယ်တိုင်က ဘယ်လောက်တောင် ချစ်ဖို့ကောင်းသလဲဆိုတာ သိနေသည့် ရီရှင်းပင် တနေ့တခြား ပို၍ ချစ်ဖို့ကောင်းလာသည်အထိ မချစ်ရပဲမနေနိုင်။

နှစ်ခြိုက်စွာ အိပ်စက်နေသော ကလေးငယ်၏ မျက်နှာနုနုရှိ နားသယ်စပ်ရင်းကို ထိကပ်နမ်းရှိုက်မိသည်မှာလည်းအခါအခါ။ ရီရှင်း၏ နှာတံချွန်ချွန်နစ်ဝင်သွားသည်အထိ အိစက်နူးညံ့လှသော ဖြူဥဥပါးပြင်ထက်နမ်းရှိုက်မိသည်မှာလည်း အကြိမ်ကြိမ်။

အပေါ်ပိုင်း ဗလာကျင်းနေသည့် ရီရှင်း၏ ရင်ခွင်ကိုကျောခိုင်းလျက် အိပ်ပျော်နေသော ဘေဘီ၏ ကိုယ်လုံးလေးသည် ဂွမ်းလုံးလေးသဖွယ်။ဘေဘီ့ခါးကိုရီရှင်းဆွဲဖက်ထားလျက် ပခုံးသားထက် မျက်နှာအပ်မိတော့ ပုံမှန်ကြားနေရတဲ့ ဘေဘီ့ရဲ့ အသက်ရှူသံတွေ
သည်ပင် ရီရှင်းကို ရူးမတတ်ပြုစားနေသလိုပင်။

နောက်ဆုံးတော့ ဘေဘီ့ရင်ထဲကို ရီရှင်းဝင်ရောက်နိုင်ခဲ့သည်ပဲ။ ရီရှင်းလိုပဲ ဘေဘီလည်း ထပ်တူချစ်လာဖို့သည် ခုလောက် မြန်လိမ့်မည်မှန်းမထင်ခဲ့သော်လည်းဤစကားကို ကလေးငယ်ဆီတော့ ရင်မဖွင့်လိုတော့ပါ။

မနည်းချော့ထားရသည့် ဂျစ်ကန်ကန်လေးကို ဒီလိုစကားများသာသွားပြောမိလျှင် ရွှေစိတ်တော် ငြိုငြင်ကာ ဒီလူကို ပစ်သွားမှဖြင့် အရူးတပိုင်းနှင့် ကျန်ရစ်ခဲ့လို့တော့ မဖြစ်ချေသေး။

လောလောဆယ်အနေနှင့် ပြသာနာက ညတုန်းက ကိစ္စ၌ သူမူးပြီး ဘာမှမသိတော့ပါဘူးလို့ စွတ်ကန်များ ငြင်းပြန်လျှင် ရှင်းရခက်ပါလိမ့်ဦးမည်။

"အင်း........."

တအင်းအင်းဖြင့် လူးလွန်လာသော ကလေးငယ်က အိပ်ရာနိုးလာပုံရသည်။ကျောခိုင်းရာမှ ရီရှင်းဘက်ကိုလှည့်လာပြီး မျက်နှာချင်းဆိုင်ကာ မျက်မှောင်ကုပ်၍လက်၁ဖက်ကတော့ ရီရှင်းခါးပေါ်တင်လာပြီး

COTTON CANDYWhere stories live. Discover now