Zawgyi
"ဝမ် ၃၅၀၀၀ ကျပါတယ် ဧည့်သည်"
Mini mart အရောင်းကောင်တာက ဝန်ထမ်း မိန်းကလေးဆီမှ ပြေစာကို ယူပြီး ကဒ်နဲ့ ငွေရှင်းလိုက်သည်။
"ကဒ်ပြန်ယူလို့ရပါပြီ....ဝယ်ယူအားပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ"
ကဒ်ကို ပြန်သိမ်းလိုက်ပြီးတော့ ပါဆယ်ထုပ်ထားသည့်ပစ္စည်းများကို ယူလိုက်သည်အထိ တနေရာကို ငေးကြည့်နေသေးသည့် ကောင်လေးကို ရီရှင်း ပြောလိုက်သည်။
"သွားသင့်ပြီ"
ရီရှင်း ပြောသံကြားမှ လှည့်ကြည့်တဲ့ ဆူဟိုက တစုံတခုကို ချိန်ဆတွေးနေဟန်ပြုပြီးနောက်
"ခဏလေး ထပ်စောင့်ပေးလို့ရမလား"
ပြောပြီးတာနဲ့ ရီရှင်းဆီက တုန့်ပြန်စကားတောင် မစောင့်တော့ပဲ ဆိုင်အတွင်းပိုင်းထဲကို ပြန်ပြေးဝင်သွားတဲ့ ကောင်လေးကြောင့် အထုပ်အပိုးတွေ ကိုင်ထားရက်နဲ့ ရီရှင်း ဆက်စောင့်နေလိုက်ရသည်။
"ဒါတွေ အကုန်ယူပါမယ်...ဘယ်လောက်ကျလဲ"
အလျင်စလို ပြန်ရောက်လာတဲ့ သူ့ရဲ့လက်ထဲမှာ အချိုမုန့်မျိုးစုံကို လက်နဲ့အပြည့်ပါလာသည်။Lolly pop, Bubble gum, candy, Mint chocolate အစရှိတာတွေပါ စုံလင်နေအောင် အပြည့်ယူလာတဲ့ သဘောကို ရီရှင်း ရုတ်တရပ် နားမလည်။
"ဝမ် ၁၀၀၀၀ဖိုး ကျသင့်ပါတယ်ရှင့်"
ဒီလောက် ပမာဏက ခရီးသွားတဲ့ တလမ်းလုံး စားသွားရင်တောင် ကုန်ပါ့မလားမသိ။ပိုက်ဆံအိတ်ထုတ်ပြီး သူ့ဘာသာ ကဒ်နဲ့ ရှင်းဖို့လုပ်နေတဲ့အခါ
"ကိုယ် ရှင်းလိုက်မယ်"
ရီရှင်း ကဒ်ကို ချက်ချင်း ပြန်ထုတ်ပေးလိုက်ပြီး အရင် ငွေရှင်းလိုက်တော့ သူလည်း ဘာမှ မပြောတော့ပဲ မုန့်ထုတ်တွေကိုသာသယ်ပြီး အရင်ထွက်သွားလိုက်သည်။ဆိုင်ထဲကနေ ထွက်လာပြီး ကားပေါ်မတက်ခင် နောက်
ခန်းတံခါးဖွင့်ပြီး ထပ်ဝယ်လိုက်တဲ့ ပစ္စည်းတွေကိုပါ တင်လိုက်တော့ မထင်မှတ်ပဲ လိုက်ပါသူမရှိတဲ့ ထိုင်ခုံတွေတောင် ပစ္စည်းတွေနဲ့ ပြည့်သွားသည်က မသိလျှင် နယ်စပ်သွားပြီး ပစ္စည်းပြန်သွင်းတော့မည့် Delivery
ကားနဲ့တောင် တူနေသည်။
YOU ARE READING
COTTON CANDY
Romance☁Cotton candy skies why can't you be mine?☁ #Xingho Fanfiction #Primrose_vanilla Cover by @Amaryllis_Lian