EPISODE 6

786 119 6
                                    

Zawgyi

"ဆူဟို ထည့်စားနော်။ ဘာကြိုက်တတ်လည်း မသိလို့
အကုန်ကောင်းမယ်ထင်တာလေးတွေ နည်းနည်းပါးပါး
ရွေးချက်ထားတယ်။"

စားပွဲဝိုင်းအပြည့်ဟင်းများချထားသည်ကို ကြည့်ရင်း
အံ့ဩနေပုံရသည့် ဆူဟိုကို ရီရှင်း ကြည့်နေသော်လည်း
ဘာမှမပြော။ ကျန်းယွိဖေးကတော့ ဟင်းမျိုးစုံကို
တလှည့်စီလိုက်မြည်းရင်း အရမ်းကို အားရနေပုံပေါ်
သည်။

"Immmm.....Daebak ဒီအရသာကို ငါသေမလို လွမ်း
နေတာ။ အခုမှပဲ နေသာထိုင်သာရှိတော့တယ်။"

ဆူဟို မျက်စိရှေ့၌ ချထားသော ပုစွန်ဟင်း၊ ဖက်ထုပ်
ပေါင်း၊ ကြက်ကင်၊ ငါးဖယ်လုံးကြော်၊ ငါးချိုချဉ်နှင့်
သီးစုံအရွက်ကြော်ဟင်းလျာများနှင့်တင် ဘယ်ပန်းကန်
ကို နှိုက်လို့နှိုက်ရမှန်းမသိဖြစ်နေရာမှ ဆောစ့်အနေနှင့်
လုပ်ထားသည့် မုန်ညင်းရွက်ကင်ချီကိုသာ ထမင်းပန်း
ကန်လုံးထဲ ထည့်ရင်း တလုပ်စားလိုက်သည်။

"ဘာလို့လဲ ဆူဟို မကြိုက်လို့လား။ပြန်ပြင်ပေးရမလား။"

"Arr...arrnyi..အဲ့လိုမဟုတ်ပါဘူး Fei Jie။ဟင်း
တွေကများလွန်းတော့ ဘယ်လိုစားရမှန်းမသိဖြစ်နေ
လို့။"

"နည်းနည်းစီနဲ့ အကုန်စားကြည့်။ အတွေးများမနေနဲ့။
အားရှိမှ အလုပ်လုပ်နိုင်မှာလေ။ အလုပ်က အများကြီး
ခေါင်းစားရမှာ နောက်ဆိုရင်။အင်း...ရော့ဒါလေးစား
ကြည့်ဦး။ရော့...ဒါရောပဲ။ပြီးတော့...ဒါလည်းစား။"

ပြောလည်းပြော ထည့်လည်းထည့်နှင့် တပြိုင်နက်
စိတ်မြန်သူပီပီ စားရန်ရွေးပေးနေသော Fei Jie
ကြောင့် ဆူဟို ပြုံးလိုက်မိသည်။Fei Jie ၏ အပြုအမူ
များက ဆူဟို့အတွက် အိုမားတို့၊ အဒေါ်ကြီးတို့လိုပင်
နွေးထွေးသည့် စေတနာကိုခံစားမိသည်။သို့သော်
နေရထိုင်ရသည်မှာ အဆင်မပြေဖြစ်လာသူမှာ ရီရှင်း။

"ချွမ်....."

စားသောက်နေရင်းကနေ စားပွဲပေါ်ကို ချလိုက်သော
တူသံကြောင့် ကျန်းယွိဖေးရော ဆူဟိုပါ ပြိုင်တူရီရှင်း
ကို လှမ်းကြည့်လိုက်သည်။

"ကျန်းဖေး ထမင်းစားရင် အပိုစကားမများရဘူးဆိုတာ
နားမလည်ဘူးလား။"

COTTON CANDYWhere stories live. Discover now