Zawgyi
"အား.....ပျင်းလိုက်တာကွာ"
ပျင်းရိပျင်းတွဲနဲ့ စာကြည့်စားပွဲပေါ်မှောက်အိပ်လိုက်တဲ့ မင်ဟိုကြောင့် ဆူဟိုနဲ့ အတူ ပုစ္ဆာတွက်နေတဲ့ မင်အာပါ အာရုံပျက်သွားမို့ အပြောထက် အလုပ်ရှေ့ရောက်တတ်သည့် မင်အာ၏ အကျင့်ကြောင့် ခုံဘေး၌ ချထားသောအအေးဘူးအခွံလေးမှာ မင်ဟိုထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလေသည်။
"Yah.....ခဏလေးတော့ နားပါရစေလား"
"ခုထိ တစ်ဘာသာတောင် ကောင်းကောင်းမပြီးသေးပဲနဲ့ဘာတွေ အသံကောင်းဟစ်ချင်နေတာလဲ"
"ဖြေးဖြေးချင်းလုပ်လည်းရပါတယ်ဟ၊ မနက်ဖြန်ဖြေရမှာလည်း မဟုတ်ပဲနဲ့"
"စာမေးပွဲက မနက်ဖြန်မဟုတ်သေးပေမယ့် Seongsamnim က Private Group Discussion ပေးထားတာကို အခုလို အေးအေးဆေးဆေးနားလို့ ဘယ်ဖြစ်မလဲ"
"မသိဘူး....ငါဒီနေ့အတွက် သတ်မှတ်ထားတဲ့ အပိုင်းတော့ ပြီးပြီမလို့ ခဏတော့နားမှာပဲ"
စာလုပ်တဲ့ အခေါက်တိုင်း ဆရာမကြီးပုံစံဖြင့် ဆုံးမနေကျ မင်အာ့စကားတွေလည်း ဖန်တရာတေနေပြီမလို့မင်ဟိုလည်း မသိချင်ယောင်ဆောင်ပြီး တစ်ဖက်လှည့်ကာအိပ်နေတော့သည်။ဒီနေ့အဖို့ စာလုပ်နေသည်က မနက်အတန်းချိန်တွေပြီးကတည်းကBreaktime
တောင် မနားသေးပဲ ဆက်တိုက်ဖြစ်နေသည့်အတွက် မင်ဟို့စကားလည်း မမှား။စာကြည့်တိုက်အပြင်ဘက် သစ်ပင်အရိပ်ရသော ခုံတန်းများနှင့် စားပွဲ၌ နေရာယူကာ ဆူဟိုအပါအဝင် သူငယ်ချင်းသုံးယောက် စာကျက်ကြသည်မှာ ဒီနေ့နှင့်ဆို ၃ရက်ခန့်တော့ရှိနေပြီ။ပြီးခဲ့တဲ့ ၃ရက်ကတော့ တခြားသူငယ်ချင်းတွေပါ ပါပေမယ့် နောက်ပိုင်း ၃ယောက်တစ်အုပ်စုစီသာခွဲဖို့ အတန်းပိုင်ဆရာမက စီစဉ်လိုက်တဲ့အခါ အခုလို ဆူဟိုတို့ တစ်ဖွဲ့ဖြစ်သွားကြခြင်း။
နောက်နှစ်လဆိုလျှင် နောက်ဆုံးစာမေးပွဲကြီးကို ဖြေဆိုရတော့မှာကြောင့် တစ်ကျောင်းလုံးက စီနီယာအထက်တန်းကျောင်းသားတိုင်းအတွက် စည်းကမ်းအတင်းကြပ်ဆုံးကာလပင်။စာသင်ချိန်ပြီးတိုင်း ယခုကဲ့သို့ Group Discussion များအပြင် ညဘက်လည်း အချိန်ပို သင်ရသေးသည့်အတွက် ကျောင်းသားတိုင်းလည်းတော်တော်လေး ပင်ပန်းနေကြသည့်အချိန်။နောက်လဆိုလျှင် Special Camp ဝင်၍လေ့ကျင့်ရမည့် အစီအစဉ်လည်း ရှိသေးသည့်အတွက် ဒီလအတွင်းပင် revision ကို အနည်းဆုံး ၃ခေါက်လောက်တော့ ပြီးနေဖို့တော့လိုသည်။
YOU ARE READING
COTTON CANDY
Romance☁Cotton candy skies why can't you be mine?☁ #Xingho Fanfiction #Primrose_vanilla Cover by @Amaryllis_Lian