EPISODE 36

473 69 34
                                    

Zawgyi

"အားလုံးပဲ သုံးဆောင်လို့ရပါပြီ"

ခြံထဲက သစ်သားကွပ်ပျစ်ပေါ်မှာ ထိုင်ရင်း စကားလက်ဆုံကျနေသော စားပွဲခုံလေးပေါ်သို့ သပ်ရပ်လှပစွာ ပြင်ဆင်ထားသော သစ်သီးပန်းကန်လေးများကို ဆိုဟီးတင်ပေးလိုက်သည်။သစ်သီးကိုမှ စုံစုံလင်လင်ရှိလှသည့်
အပြင် အခွံခွာပြီး အသွင်အမျိုးမျိုးဖြင့် စိတ်ခြမ်းပုံဖော်ထားသည်ကလည်း စားချင်စဖွယ်ပင်။

"သူဌေးကို စောင့်ခိုင်းသလို ဖြစ်နေပြီ ထင်ပါရဲ့...ကြာသွားလို့ စိတ်မရှိပါနဲ့နော်"

"မဟုတ်တာပဲ...Ommoni"

ရီရှင်းရှေ့ကို သစ်သီး ပန်းကန်ချပ်ကို တိုးပေးရင်း ပြောနေသည့် ဆူဟို့အမေကြောင့် အရိုအသေပေးလိုက်ပြီးခက်ရင်းဖြင့် သစ်သီးစိတ်တစ်ခုကို ယူစားလိုက်သည်။

"ဘယ်လိုနေလဲ သူဌေး...တကယ်လို့ မကြိုက်တာတွေဘာတွေများရှိရင်လည်း အားမနာပဲပြောပါ"

"အားလုံးကြိုက်ပါတယ်...သေသေချာချာ စားပါ့မယ်။ Gomawo... ဆိုဟီး-ရှီ"

ဆူဟို့အမေကိုလည်း ပြန်ဖြေရင်း ဆိုဟီးကိုလည်း ကျေးဇူးတင်ကြောင်းပြောသည့်အခါ ဆိုဟီးကတော့ ခေါင်းငြိမ့်ပြီး ပြုံးပြသလို ဆူဟို့အမေကလည်း ရီရှင်းကို သဘောတကျရှိပုံပါပဲ။

"ရောက်တုန်းရောက်ခိုက် သူဌေးကို ခြံထွက်သစ်သီးတွေနဲ့ ဧည့်ခံချင်လို့လေ"

"ပင်ပန်းစေမိပါပြီ"

"ဘယ့်နှယ့်ကွယ်...တစက်လေးမှ မပင်ပန်းပါဘူး။သူဌေးကို ဧည့်ခံရတာ အရမ်းကြီး အကောင်းစားမဟုတ်တော့...အဆင်မပြေမှုလေးတွေရှိမှာ သိပေမယ့်ခုလို သည်းခံပြီး နေပေးတဲ့ သူဌေးကိုပဲ ကျေးဇူးတင်နေရတာပါ"

"အဲ့လိုမျိုး မပြောပါနဲ့...Ommoni။အများကြီးပြင်ဆင်ပေးထားလို့ ကျွန်တော်ကတောင် ကျေးဇူးတင်ရမှာပါ"

"တော်သေးတာပေါ့ သူဌေး အဆင်ပြေလို့၊ သစ်သီးအရသာကရော ဘယ်လိုနေလဲ"

"အရမ်း အရသာရှိပါတယ်၊ နောက်ပြီး ဆိုးလ်က သစ်သီးတွေနဲ့ အရသာ မတူဘူး"

"မြို့ပြက အရသာနဲ့တော့ ကျိန်းသေ ကွဲပြားတာပေါ့...သူ့ဒေသအလိုက် ဒေသထွက်စာတွေရဲ့ အရသာ က လတ်ဆတ်ပြီး ကျန်းမာရေးအတွက် အသင့်တော်ဆုံးပဲ"

COTTON CANDYWhere stories live. Discover now