Zawgyi
မနက်ခင်းရဲ့ ခပ်စိမ့်စိမ့် လေပြေလေညင်းကြောင့် အဖြူရောင် ဆွယ်တာလက်ရှည်ကို လက်ဖျားထိပ်နား အထိ မသိမသာ ဆွဲချလိုက်မိသည်။ အနွေးဘောင်းဘီ အရှည်ကြောင့် အပြင်ဘက်ထွက်ထိုင်ဖို့ အဆင်ပြေပေမယ့် ဝတ်ထားတဲ့ ဆွယ်တာအင်္ကျီက အပါးသားမလို့ ချမ်းစိမ့်သလိုလို ခံစားမိတဲ့အခါ အခန်းထဲ ပြန်ဝင်ပြီး တော့ အင်္ကျီလက်ရှည်တထည် သွားယူဖို့ကျလည်း စိတ်မပါပြန်ပေ။
"အိုပါး... အေးရင် အပေါ်ထည်လေးဖြစ်ဖြစ် ဝတ်ထား
ပါလား၊ ဒါမှမဟုတ်ရင် အထဲဝင်နေတော့လေ"မျက်မှောင်ကျုံ့လိုက်တဲ့ ဆူဟိုရဲ့ ပုံစံကို နားလည်နေတဲ့
ဆိုဟီးက သတိတရ လှမ်းပြောသည်။ ဖုန်းရဲ့ မျက်နှာ ပြင်ပေါ်ကို တင်နေတဲ့ နှင်းမှုန်တွေကို လက်နဲ့ဖယ်လိုက် ပြီး ဆူဟို ခေါင်းခါလိုက်သည်။"ရတယ်၊ ခုနက ပြောတာကိုသာ ဆက်ပြော"
တဖက် ဖုန်းscreen ကနေ ဆိုဟီး တယောက် သူ့အစ်ကို
ရဲ့ စကားကို အထွန့်တက်မနေတော့ပဲ ပြောလက်စ စကားအား ဆက်ပြောသည်။"အင်း ဆက်ပြောရရင် အဓိက ပြသာနာက တစ်ခု၊
ဖြစ်နေတာကတစ်ခု အိုပါးရဲ့"ဆိုဟီးရဲ့ အလေးအနက် ဆိုလိုရင်း လေသံကို ခံစားမိ
လိုက်သည့် ဆူဟို မျက်ခုံးတွန့်သွား၏။"အဓိက ဖြစ်နေတဲ့ ပြသာနာ? အဲ့တာရှယ်ယာရှင်တွေရဲ့ ဆုံးဖြတ်ချက် အတိုင်းပဲ သွားရမှာမဟုတ်ဘူးလား"
ဆူဟို့စကားကြောင့် မျက်နှာမဲ့ရှုံ့ရှုံ့လေးဖြစ်သွားတဲ့ ဆိုဟီး။ဒါပေမယ့် ဒီရက်တွေမှာ အအိပ်ကောင်း အစား
ကောင်းဖြစ်နေဟန်ရှိတဲ့ ကလေးမကတော့ မျက်နှာက
အရင်ကထက်ကို ပြည့်ပြည့်ဖောင်းဖောင်းဖြစ်လာတာ
ကင်မရာထဲမှာတောင် အတော်လေးသိသာနေလို့ ဆူဟို
အမှတ်တမဲ့ ပြုံးလိုက်သည်။"အပြောမလွယ်ဘူး အိုပါးရဲ့၊ ဆိုဟီးတို့က ဘယ်တုန်းက ဒီလို လုပ်ငန်းကိစ္စတွေနဲ့ ရင်းနှီးဖူးလို့လဲ"
ထို့နောက် မျက်နှာ အဝိုင်းလေးကို ကောက်တပ်ပြီး
စုဆောင်းထားသော စာရွက်တချို့အား အထပ်လိုက် ကိုင်ကာ တစ်ရွက်ချင်း ဖတ်ကြည့်သည်။ဆိုဟီးရဲ့ ပုံစံ
ကို ဆူဟို အကဲခတ်ရသလောက် အတော့်ကို စိတ်မချမ်း
မြေ့နေရသည့် မျက်နှာထားဖြင့်။ဆူဟိုထင်သည့်အတိုင်း သိပ်မကြာခင်၌ အလုံးစုံသော စာရွက်တို့အား ဆုံးခန်း သည်အထိ မဖတ်နိုင်တော့ပဲ နဂိုနေရာ၌ ဆိုဟီး ပြန်ပုံ ထားလိုက်၏။
YOU ARE READING
COTTON CANDY
Romance☁Cotton candy skies why can't you be mine?☁ #Xingho Fanfiction #Primrose_vanilla Cover by @Amaryllis_Lian