EPISODE 30

512 71 28
                                    

Zawgyi

THREE MONTHS LATER..........

"အားလုံး တာဝန်ကျေကြပါတယ်"

ဒီနေ့က Zhang Entertainment Global Audition Final Day။ လာရောက်ယှဉ်ပြိုင်တဲ့ အဖွဲ့ဝင်တွေရော Judge တွေနဲ့ပါ အပြန်အလှန် နှုတ်ဆက်၊ အမှတ်တရ ဓာတ်ပုံရိုက်၊ press conference တွေ လုပ်ရတာနဲ့ တင် နေ့တနေ့က အဆုံးသတ်သည်။

"အရမ်းအားရစရာကောင်းအောင်ဒီတခေါက်ပြိုင်ပွဲက အကျိတ်အနယ်ပဲ။Zhang Entertainment က ဂုဏ်ဆောင်ပေးမယ့် အနာဂတ်ကြယ်ပွင့်တွေကို မြေတောင်မြှောက်ပေးနိုင်တော့မှာမလို့ အလား အလာကောင်းတွေအများကြီးတွေ့နေရပါတယ်"

Media တွေမှာ ဦးဆောင်ပြီး မိန့်ခွန်းနဲ့ အဆုံးသတ် စကားအမှာစကားတွေ ပြောအပြီးမှာ တနိုင်ငံလုံး
အတိုင်းအတာအထိ ကြည့်ရှုနှုန်း Ranking နဲ့ ရှယ်ယာတွေကအဟုန်ထိုးမြင့်တက်နေမှုက အထွတ်အထိပ်။Top Search List ထဲမှာ Judge ကျန်းရီရှင်းရဲ့ နာမည်ကအများဆုံးအာရုံ စိုက်မှုခံရ သလောက် သူကိုယ်တိုင်ဦးဆောင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေ ကလည်း အမှန်တကယ် အိပ်မက်ကို လျှောက်လှမ်း ဖို့အတွက် ဆန္ဒပြင်းပြသလိုအရည်အချင်းလည်း ပြည့်မှီတဲ့သူတွေ။

တကမ္ဘာလုံး အတိုင်းအတာ စံချိန်စံညွှန်းမှာ ပြိုင်ဘက် လုပ်ငန်းစုတွေတောင် ဒီတခေါက် ကျန်းရီရှင်းရဲ့ အောင်မြင်မှုကို မချီးမွမ်းပဲ မနေနိုင်လောက်အောင် သူ့ရဲ့ အရည်အချင်းတွေကို ပြသနိုင်ခဲ့သည်။သူကိုယ်တိုင်ကတော့ သူ့ထက် နောင်ထပ် Generation တွေရဲ့ ကြိုးစားမှုနဲ့ လက်မလျှော့တမ်း အကောင်အထည် ဖော်ရမယ့် စိတ်ကူးအိပ်မက်၊ အရည်အချင်းတွေ ဆက်ပြီး ရှင်သန်နေဖို့က သာ အနာဂတ်ကို ပြောင်းလဲစေမယ့် အချက်အချာဖြစ်ကြောင်းကို ပြောပြခဲ့တဲ့အချိန်မှာ လူထု စိတ်ဝင်စားမှုအများဆုံးနဲ့လေးစားဂုဏ်ပြုရတဲ့ 21st Century ရဲ့ Role Model အဖြစ် ထိုက်တန်ကြောင်းအများစုက ဝေဖန်ပြောကြား ကြသည်။

ထုံးစံအတိုင်း ဆန့်ကျင်သူတွေနဲ့ မလိုမုန်းထားသူတွေ ရှိနေကြပေမယ့် ဒီအချိန်မှာ ကျန်းရီရှင်းရဲ့အရှိန်အဝါ က သိပ်ကို ထင်ရှားနေတဲ့အခါ ငြိမ်သက်နေကြရုံ ကလွဲပြီးအခြားမရှိ။သူ့ရဲ့ အားနည်းချက်ကို စောင့်ဆိုင်းနေကြတဲ့ အညှီအဟောက် website တွေနဲ့ Media Source တွေ တောင် ဒီအချိန်မှာ အမြီးကုပ်နေကြရတဲ့ အခိုက်အတန့်။

COTTON CANDYWhere stories live. Discover now