EPISODE 50

373 45 2
                                    

Zawgyi

"ဦး!!!"

ရိရှင်း စာအုပ်တစ်အုပ်အား အာရုံစိုက်ကာ ဖတ်နေချိန် ဘေးမှ ယောင်ယမ်းကာ လန့်နိုးလာသည့် ကောင်လေး
ကြောင့် ချက်ချင်း စာအုပ်ကို ချလိုက်၏။

အလန့်တကြား ထထိုင်နေသည့် ကလေးငယ်မှာ အခုထိ
အိမ်မက်နှင့် လက်တွေ့ကို ခွဲခြားနိုင်ပုံမရကာ တချိန်လုံး သူ ဆုပ်ကိုင်ထားခဲ့သည့် လက်ကလေးမှာ ယခုချိန်မှသာ အသက်ဝင်လျက် အားကိုးတကြီး ဆုပ်ကိုင်လာသည်မို့ ကျန်တဖက်ဖြင့် ပခုံးထက်မှ ထွေးပွေ့လျက်

"ကလေး ကိုယ်ရှိတယ်၊ ကိုယ် အနားမှာ ရှိတယ်"

ဆေးအရှိန်ပြယ်ကာစမို့ ထွေပြားနေမည့် ကလေးငယ်၏
စိတ်အာရုံကို သိရှိထားသည့်အခါ အသာအယာချော့မြူ
ရင်း တုန်လှုပ်နေသည့် ကိုယ်ငယ်လေးအား ရင်ခွင်နှင့်
အနီးဆုံးသို့ ဆွဲယူလိုက်သည်။

တခါတခါ မြန်ဆန်တတ်သလိုတဖန်ခဲရာခဲဆစ် အသက်ရှူရပြန်တဲ့အထိ နွမ်းနယ်နေသည့်ကလေးငယ်။

အခုထိ မျက်လုံး မဖွင့်သေးပဲကယောင်ကတမ်းဖြင့်သာ သူ့နာမည်ကိုထပ် တလဲလဲခေါ်နေသည့်အခါ နာကျင်လာ သည့် နှလုံးသား ကြောင့် မျက်ခုံးတို့ကို တွန့်ချိုးမိရင်း မျက်နှာနုနုအား ပါးပြင်ဖြင့် ကပ်ထားလျက် အနမ်းဖွဖွ ဖြင့် ချွေးသိပ်ပေးနေမိ၏။

ခံစားနေရသည့် ဝေဒနာများလည်း ဖြစ်နိုင်လျှင် သူသာ
အစား ခံယူလိုက်ချင်သည်၊ အခုလို သတိရတစ်ချက်၊ မရတစ်ချက်ဖြင့် မေ့ဆေးနှင့် ဖြေဆေးဒဏ်တို့ကို တချိန်
တည်း ခံနိုင်ရည်ရှိအောင် ကုစားနေရပုံကို မြင်နေရသည်
ကပင် နှလုံးသားတစ်ခုလုံး စုတ်ပြတ်သတ်သွားသည်
ထက် နာကျင်ရသည်။

*ကိုယ့်ကြောင့် ဖြစ်ရတာ၊ Baby ကိုယ့်ကြောင့် ဖြစ်ရ တာ*

"တောက်"ခနဲ ရေရွတ်ရင်း ဒီအခြေအနေအထိ ဖြစ်စေ
မိတဲ့ ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်သလို ဆေးဒဏ်ကို အလူးအလဲခံစားနေရသည့် နုနယ်သည့် ကလေးငယ်မှာ
အခုထိ သတိပြန်လည်လာခြင်းမရှိသေးသည်မို့ ရင်ထဲ
က သောကမီးမှာလည်း လျော့ပါးခွင့်မရှိသေး။

COTTON CANDYWhere stories live. Discover now