EPISODE 41

294 39 7
                                    

္ကZawgyi

ထင်းရှူးပင်တချို့နဲ့ အုံ့ဆိုင်းနေတဲ့ တောလမ်းလေးရဲ့
ဘေးဘက်မှာရှိနေတဲ့ သစ်လုံးအိမ်လေးရဲ့ အသွင်ဟာ
ရှုပ်ထွေးလှတဲ့ အပြင်လောကနဲ့ ကာလအတော်ကြာ
ကင်းကွာနေသဖွယ်ရှိသည်။

ခရမ်းရောင် လာဗန်ဒါပန်းခင်းငယ်လေးနဲ့ အချို့သော
အရောင်ဖျော့ဖျော့အဆင်းရှိသည့် ပျိုးပင်ငယ်လေးများ
ကြောင့် အမှတ်တမဲ့ဆိုလျှင် ပန်းဥယျာဉ်ငယ်လေး ခြံရံထားသည့်အတိုင်း တင့်တယ်လှပပေသည်။

တဖျောက်ဖျောက်မြည်နေတဲ့ ဆီးနှင်းကျသံနဲ့ အငွေ့တလူလူ ထွက်နေတဲ့ မီးခိုးခေါင်းတိုင်လေးကြောင့် ဆောင်းရာသီရဲ့ အရိပ်အသက်က ပြီးပြည့်စုံသော အလှတရားလိုမျိုး။ ရုတ်တရက်သာဆိုရင် ကမ္ဘာပေါ်က ပျောက်ကွယ်နေတဲ့ သီးသန့်နေရာငယ်လေးလို့ ထင်မှတ်ကြမှာ မလွှဲမသွေ။

"ကဲ ငါးကင်ရပါပြီ..."

အနွေးလက်အိတ်အထူကြီးဝတ်ပြီး ငါးကင်ထားသည့်
လင်ဗန်းကို အကျအနကိုင်ကာ မီးဖိုခန်းထဲမှထွက်
လာသည့် ဦးလေးဂျုံန်းကြောင့် ပတ်ဝန်းကျင်ကို ငေးနေရာမှ အတွေးစတွေကို အဆုံးသတ်ကာ ဆူဟိုအနားသို့သွားရင်း ကူသယ်လိုက်သည်။

"ဝါး.... တကယ်အရသာရှိမယ့်ပုံပဲ ဦးလေးကြီး"

သင်းပျံ့နေတဲ့ ငါးကင်အနံ့ကြောင့် ဆူဟို လက်မထောင်
ပြပြီး ပြုံးလိုက်တဲ့အခါ ဦးလေးဂျုံန်းက သဘောတကျ
ဖြစ်ပြီး ခေါင်းငြိမ့်ပြသည်။

"အရသာအတွက်တော့ အထူးပြောစရာလိုသေးလို့
လား ကောင်လေးရ... ဘယ်သူလုပ်တာမလို့လဲ"

"ဒါပေါ့... ကျွန်တော် အရွေးမမှားအောင် ကွက်တိ
ဒီကိုပဲလာတာပါဆိုနေ"

"ဟား...ဟား... ကောင်စုတ်လေး၊ အခုထိ အပြောနဲ့
လူလည်ကျတတ်နေတုန်းပဲကို"

မတွေ့တာ ၅နှစ်လောက်ကြာပြီဆိုပေမယ့် ဦးလေးဂျုံန်း
ကတော့ အရင်အတိုင်း တက်တက်ကြွကြွနဲ့ ပျော်ပျော်
နေတတ်တဲ့ အကျင့်အတိုင်းပဲ။ ကလေးဘဝကတည်း
က သိလာတဲ့ ဆူဟို့ရဲ့ အသိတွေထဲမှာ အခင်မင်ဆုံး
ဖြစ်တဲ့ ဦးလေးဂျုံန်းက အကောင်းဆုံးအစားအသောက်
တွေ လုပ်တတ်တဲ့ နာမည်ကြီးစားဖိုမှူးဟောင်းတစ်ဦး။

COTTON CANDYWhere stories live. Discover now