EPISODE 12

736 96 2
                                    

Zawgyi

"တော်သေးတာပေါ့ ငါတို့ပွဲပြီးမှ ဖျက်သိမ်းသွားလို့"

"နောက်နှစ် ဂျူနီယာလေးတွေတော့ ပွဲစီစဉ်ခွင့်မရရှာ
တော့ဘူးပေါ့။ ငါတို့ကံကောင်းတယ်ဆိုရမယ်"

"နင်တို့က စွတ်သောင်းကျန်းတာကို ခုတော့ အတိုင်ခံရ
ပြီမလား"

"ဘာမှတောင် မလုပ်ခဲ့ရပါဘူးဟာ။ နည်းနည်းလောက်ကမလို့ကြံတာ ဟိုကောင်တွေက အရင်မှောက်နေလို့
ငါ့မှာ ပွဲပြီးတာနဲ့ သန့်ရှင်းရေးလုပ်ခဲ့ရသေး။တန်ကို မတန်ဘူး"

အတန်းပြီးတော့ မင်ဟိုတို့ သူငယ်ချင်းတွေစုပြီး
မနေ့က ပွဲအကြောင်းပြောဖြစ်နေကြသည်။ ကျောင်း
အုပ်ချုပ်ရေးအဖွဲ့ဆီမှ နောက်ထပ် မည်ကဲ့သို့သော
ပျော်ပွဲရွှင်ပွဲကျင်းပရန် ခွင့်ပြုချက်တင်ခွင့်များ မပေး
တော့ကြောင်း သတိပေးစာကို ကျောင်း Noticeboard
မှာကပ်ထားတော့ အုံအုံကြွကြွဖြစ်သွားကြတဲ့ကျောင်း
သားတွေ။

ဘယ်သူများစပြီး သတင်းပေးလုပ်လိုက်လဲမသိပေမယ့်
တော်တော်သောင်းကျန်းကြသဖြင့် အထက်တန်း
ကျောင်းသားများအနေဖြင့် ဤကဲ့သို့ပွဲမျိုး ကျင်းပရန်
အခွင့်မရှိတော့ကြောင်းဆိုသည့် အဓိကအချက်ကြောင့်
ဘယ်သူကမှ ထပ်ပြီး အထွန့်မတက်ရဲကြ။

"ဆူဟို မင်းမနေ့က ဘယ်ပျောက်သွားတာလဲ"

ဆရာပေးခဲ့တဲ့ မှတ်စုတွေကို ပြန်ရေးနေတဲ့ ဆူဟိုက
ကြားပုံမရသောကြောင့် ဘေးနားက မင်အာက လှမ်း
ပုတ်လိုက်ပြီး မင်ဟိုရှိရာဆီ မေးဆတ်ပြသည်။

"ဩော် မင်ဟို ဘာပြောမလို့လဲ"

"စာကို အဲ့လောက်ကြီး အသည်းအသန်မဖြစ်ပြပါနဲ့ ဆူဟိုရာ။ ငါဆို တကြောင်းတောင် ခုထိ မရေးရသေးဘူး"

"မင်းက စကားများနေတာကို။ အချိန်မရှိဘူး....
မြန်မြန်ပြီးတော့ အိမ်အထိ သယ်သွားစရာမလိုတော့ဘူးပေါ့"

"ဘာလဲ မင်းရည်းစားနဲ့ ချိန်းတွေ့ဖို့ အချိန်မရမှာဆိုးလို့
လား"

ရည်စားဆိုသည့်စကားကြောင့် ကျန်းရီရှင်း၏ ရုပ်ကြီး
ဖျတ်ခနဲပေါ်လာသဖြင့် ခေါင်းကို တယမ်းယမ်းခါရင်း
အာရုံမှ ပျောက်သွားအောင် မနည်းလုပ်လိုက်ရသည်။
မနက်ကအကြောင်းများပါ မြင်ယောင်လာလျှင် လူက
မနေတတ်အောင် မျက်နှာပူလာလာရသည့် ဒုက္ခ
ကလည်း မသက်သာလှ။

COTTON CANDYWhere stories live. Discover now