EPISODE 9

745 113 3
                                    

Zawgyi

နံနက်ခင်း၏ အလင်းရောင်က အမြင်အာရုံကို လွှမ်းလာသည်မို့ အလိုလိုပွင့်ကျလာသည့် မျက်လုံးများ။ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ရင်းနှီးနေသည့် အခန်းပတ်ဝန်းကျင်က သဘောမကျဖွယ်ရာ ကြိုဆိုနေပြန်သည်။

*ခုထိ ငါဒီမှာ ရှိနေတုန်းလား*

ထထိုင်ဖို့လုပ်တော့ နွမ်းလျနေသည့် ခန္ဓာကိုယ်ကြောင့်စိတ်သွားတိုင်း ကိုယ်မပါသလို။ခြောက်ကပ်နေသည့် အာခေါင်ကြောင့် ရေတခွက်လောက် သောက်ချင်မိ၍ကုတင်မှ ဆင်းမည်အပြုမှာ စားပွဲပေါ်မှာ အသင့်ရှိနေသော ရေဖန်ခွက်ကြောင့် လူက အလိုလို ရပ်တန့်၏။

"နိုးလာပြီလား"

တည်ငြိမ်သည့် ဩရှရှအသံတစ်ခုကြောင့် မကျေနပ်မှုနှင့်အတူ မရည်ရွယ်ပါပဲလျက် ဆူဟို နှုတ်ခမ်းများကို အလိုလိုဖိကိုက်မိရက်သား။ထပ်ပြီး ထိုသူ့ဆီ၌သာ ရောက်နေခဲ့ပြန်သည်လေ။

"ဘယ်လိုနေသေးလဲ"

အထူးသဖြင့် ဆူဟို တချက်လေးတောင် မမြင်ချင်သည့်ထိုသူနှင့် တစ်မိုးအောက်အတူရှိနေခြင်းဆိုသည်ကပင် စိတ်ပင်ပန်းလွန်းနေရသည့်ထဲ တစ်အိမ်ထဲပြန်ရောက်သွားရခြင်း၌ ဆိုဖွယ်ရာမရှိတော့လောက်အောင် မုန်းမိသည်။စိတ်ရှိတိုင်းသာဆို ဝုန်းဒိုင်းကြဲပြီး အဝေးဆုံးသို့ ထွက်သွားမိချင်သော်ငြား လက်ရှိ၌ လူက တကယ့်ကို အားအင်ကုန်ခမ်းနေသလိုပင်။

စိတ်တိုင်းကျ မဖြစ်နိုင်သော ဘဝကြီးကို နောက်တကြိမ်ထပ်မုန်းမိပြန်သည်။သို့သော် စိတ်ထင်၍လားမသိ၊ မှိုင်းညို့ညို့သူ့မျက်ဝန်းများ၌လည်း အသက်မဲ့နေသလို၊ သူ့အပြုအမူမှာလည်း ခါတိုင်းကဲ့သို့ တက်ကြွခြင်းမရှိလှ။သို့တိုင် ရင့်ကျက်ခန့်ညားဆဲ အသွင်ကဖြင့်
မာန်အရှိန်ကြီးစွာ ထင်းနေလျက်ပင်။

အဖြေမရှိသော ဆူဟို့ကြောင့်ပေလားမသိ အနားသို့ရောက်လာကာ နဖူးထက်သို့ ထိကပ်လာသော လက်ဝါးပြင်ကျယ်ကြောင့် လူမှာ အလိုလို ခပ်ကျုံ့ကျုံ့ဖြစ်သွားရသည်။လူတကာပြောသည့် ဆူဟို၏ ဝိုင်းစက်ကာ ပြည့်ဖောင်းနေသော မျက်နှာသည် သူ့၏ လက်ဝါး၌
တစ်ဝက်စာမျှပင် မရှိချင်သည့် အဖြစ်ကိုလည်း ဆူဟိုမကျေနပ်။

COTTON CANDYWhere stories live. Discover now