EPISODE 45

261 36 2
                                        

Zawgyi

Hunan Province, Changsha City, Zhang အိမ်တော်

ခမ်းနားပြီး အဆောင်အယောင် ထည်ဝါသည့်
Zhang အိမ်တော် ခြံဝန်းအတွင်း၌ ဂုဏ်ပြုညစာစားပွဲ အတွက်တက်ရောက်ကြသည့် ဂုဏ်သရေရှိ ဧည့်သည် တော်များဖြင့် ပြည့်နှက်နေချိန်ဖြစ်သည်။

အထူးဖိတ်ကြားခံရသည့် ဧည့်သည်တော်များသာ တက်ရောက်ခွင့်ရရှိသည့် ပွဲမျိုး ဖြစ်သည့်အလျောက် လူဦးရေမှာများသည်မဆိုသာသော်လည်းလျှမ်းလျှမ်း တောက် ကျော်ကြားကြသည့် စီးပွားရေးမိတ်ဖက် များနှင့် နာမည်ကြီး ထိပ်တန်းအနုပညာရှင်အချို့ ပါဝင်နေသည့်အတွက် ဤအခမ်းအနားနှင့် ပက်သက်၍ လူအများ စိတ်ဝင်စားမှုနှုန်းသည် မြင့်မားလျက်ရှိ၏။

ရုပ်သံဌာနများမှ သတင်းထောက်များပင် အလုအယက် သတင်းယူရန် ကြိုးပမ်းနေကြသည့်အတွက် လုံခြုံရေးတာဝန်ရှိသူများမှာ စည်းကမ်း တင်းကြပ် စွာတားမြစ်ရင်း အိမ်တော် အရှေ့အဝန်းတွင် ရှုပ်ထွေးလှသည့် လူအုပ်မှာလည်း တဖြေးဖြေး များပြားလာ၏။

Zhang လုပ်ငန်းစုတွင် ထိုကဲ့သို့ ဧည့်ခံပွဲမျိုးအား မကြာခဏကျင်းပလေ့ရှိသည်ကို သိထားကြသည့် စီးပွားရေးလုပ်ငန်းစုအများကြား၌ ဤသည်မှာ ထူးခြားသည့် ဖြစ်စဉ် မဟုတ်သော်လည်း ယခုတခေါက် ပွဲသည် ဆန်းသစ်မှုလွန်ကဲနေမှန်း ရိပ်မိကြသည်။

နှစ်သစ် လုပ်ငန်းအောင်မြင်မှု အထိမ်းအမှတ်ဟု ဆိုသော်လည်း ထို့ထက် ပိုမိုအလေးပေးသည့် သဘောထားအား အသိပေးကြေညာထားသည့် Global Zhang လုပ်ငန်းစု၏ ဥက္ကဌကြီး ကြောင့် ရောက်ရှိ သူများမှာ မည်သည့်အတွက်မှန်း တိကျစွာ သိရှိခြင်းမရှိစေသော်လည်း အင်မတန် အရေးစိုက်သည့်ကိစ္စရပ်ဖြစ်မည်မှန်း ခန့်မှန်းမိကြရင်း စိတ်လှုပ်ရှားစွာဖြင့်
စောင့်ဆိုင်းနေကြသည်။

ပျံလွင့်နေသည့် ဂီတတူရိယာသံစဉ်များနှင့် လိုက်ဖက် ညီသည့် ဧည့်ခံပွဲကြောင့် လူအများ စိတ်ကျေနပ် မှုနှင့်အတူစကားစမြည်ပြောဆိုနေကြစဉ် အိမ်တော် ရှိ ဝန်ထမ်း များလည်း ဧည့်ခံရာ၌ လစ်ဟင်းမှုမရှိ စေရန် သတိကြီး စွာနှင့် တာဝန်ယူဆောင်ရွက် နေကြ သည်။

COTTON CANDYWhere stories live. Discover now