မိုးသားတယောက် ဖွားလေး ဆိုသည့်စကား လုံးအား တမင် တခွန်းချင်းပီသအောင်ခေါ်လိုက်တော့ ဒေါ်ဟန်နီဝေ၏မျက်နှာမှာဒေါသကြောင့်မဲသွားသည် ..
" ဟုတ်တယ်လေ ဖိုးလေးရဲ့ဇနီးဆိုတော့ ဖွားလေးပဲပေါ့ "
" ဟုတ်တယ်လေ ဟန်နီရဲ့ "
ဒေါ်ဟန်နီဝေဘေးမှဝင်ပြောလာသည့် ယောကျာ်းဖြစ်သူအား မျက်စောင်းတချက်လှည့်ထိုးလိုက်ပီး ..
" အင်းပေါ့ တွေ့ရတာဝမ်းသာပါတယ် "
ဒေါ်ဟန်နီဝေနင်သွားသည့်ပုံကိုမိုးသားကြည့်ပီးရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည် ..
" ဒီနှစ်ယောက်ကတော့မြေးရင်းနှီးပီးသားပါ သူကခန့်ညားလွင် မြေးနဲ့ဆိုဦးလေးတော်တာမို့လို့ ဦးခန့်လို့ခေါ်နော် ဒါကတော့မေဝင့်လွှာညီ ဘွားမွေးစားထားတာဆိုပေမယ့် သမီးအရင်းလိုပါပဲ သမီးမေကစိတ်ထားကောင်းတာမို့ တခြားကိစ္စတွေနဲ့ပတ်သက်ပီးမြေးနဲ့သမီးစန္ဒာ စိတ်အနှောက်ယှက်မဖြစ်စေရပါဘူး "
ဘွားပြောတဲ့အဓိပ္ပါယ်ကိုမိုးသားရော မေကြီးပါနားလည်သည်.. ထို့အကြောင်းအရာအတွတ်လဲမိုးသားတို့သားအမိကမပူပါ ပိုင်ဆိုင်မှုမက်မောကြသူတွေလဲမဟုတ် ပို၍ပူစရာမလိုသည်က လွှာဆိုတာကသူနှင့်တဘဝလုံးအတူရှိနေရမှာဖြစ်ပီး နှစ်ဦးသားရဲ့ဖြစ်တည်မှုအရာအားလုံးကတူညီနေမှာကြောင့်ပင် ..
" မြေးရဲ့အဒေါ်ပဲပေါ့ "
" ..... "
" ..... "
ဒီတခါတော့နင်သွားရသူကမိုးသားရယ်ပါ ဘွားပြောလိုက်သည့်စကားကြောင့် မိုးသားရော မမပါမျက်လုံးအဝိုင်းသားဖြစ်သွားရသည် မိုးသားမျက်နှာကတော့မအီမလည်ဖြစ်သွားသည်ကို မေကြီးကပြုံးစိစိလုပ်နေသည် .. မမကတော့ခဏတာအံ့ဩသွားပေမယ့် ပြုံးပြလာပီး
" တွေ့ရတာဝမ်းသာပါတယ်မိုးသား ဝန်ထမ်းတယောက်အနေနဲ့မဟုတ်ပဲ မေမေကြီးရဲ့မြေးအဖြစ် ဒီအိမ်ကြီးရဲ့မိသားစုဝင်အဖြစ်ကြိုဆိုပါတယ် "
" သားလဲဝမ်းသာတယ်လွှာ "
မိုးသားရဲ့အခေါ်ဝေါ်ကြောင့် မေဝင့်လွှာညီကအလိုမကျစွာမျက်ခုံးများတွန့်ကျိုးသွားသလို ဘွားကအံ့ဩစွာ..
YOU ARE READING
She [ သူမ ]