Part - 25 [Unicode]

8K 582 59
                                    

" လွှာတကယ်မလိုက်ဘူးလား "

" ငါ အမေကြီးတို့ဆီသွားမလို့ လို့ပြောပီးပီလေ "

" လွှာကလဲ မနက်ဖြန်ကျမှသားနဲ့အတူသွားပါမယ်ဆို သားလဲကလေးတွေကိုတွေ့ချင်သေးတယ်လေ အခုတော့ပွဲကိုအတူသွားရအောင်ပါ "

" ငါမလိုက်ချင်ဘူးမိုးသား မင်းဘာဖြစ်နေတာလဲ ငါစိတ်မတိုချင်ဘူး ကိုယ်သွားစရာရှိတာကိုသွား "

မိုးသားသက်ပြင်းချကာ ဆက်မပြောတော့ပဲနေလိုက်တော့သည် သူမစိတ်တိုသွားမှာကိုမလိုချင်ပါ ..မိုးသားကချစ်နေရသူမို့ အတူယှဉ်တွဲပီးသွားချင်သော်လဲ သူမကတော့မိုးသားကိုမုန်းနေတာကြောင့် ဘယ်သွားချင်ပါ့မလဲ ..

" သားလေး သွားတော့မလို့လား "

မိုးသားလှေကားမှဆင်းလာသည်ကိုတွေ့သည်နှင့် ပန်းအိုးထိုးနေသောမေကြီးကပြုံးကာမေးလာသည် ..

" ဟုတ်မေကြီး ညကျသားနောက်ကျနေရင် မစောင့်နဲ့နော် "

" သမီးမေကရော သားလေး "

" မေက အမေကြီးတို့ဆီသွားစရှာရှိလို့တဲ့ "

ပြောရင်းနှင့်မျက်နှာမကောင်းသည့်ကလေးကြောင့် ဒေါ်စန္ဒာခင်လက်ထဲကပန်းအိုးကိုအသာချကာ သမီးဖြစ်သူ၏အနားသို့သွားလိုက်ပီး ..

" သားလေး ကိုယ်ရွေးချယ်ထားတဲ့လမ်းကိုလျှောက်နေတဲ့အခါ ယုံကြည်ချက်ရှိဖို့အရေးကြီးတယ်.. မေကြီးပြောခဲ့တယ်လေ ဒါကသား‌ကိုပျော်ရွှင်စေလားလို့ သားပဲပျော်နေမှာဆိုလို့မေကြီးခွင့်ပြုခဲ့တာ အခုလိုပုံစံမျိုးမြင်ရရင်မေကြီးကဘယ်လိုလို့အဆင်ပြေမှာလဲ ပီးတော့သမီးမေကိုလဲနားလည်ပေးလေ သူ့အတွတ်အရမ်းကိုခက်ခဲနေမှာ ဒါကြောင့်သားလေးကပဲစိတ်ရှည်ပေးရမှာပေါ့ "

" ဟုတ်ကဲ့ပါမေကြီး သားစိတ်ရှည်ရှည်နဲ့စောင့်မှာပါ မေကြီးရော ဘွားရော လွှာရောကိုသားပျော်အောင်ထားမှာပါ "

" ဟုတ်ပါပီ မေကြီးကလေးကလိမ္မာတာမေကြီးသိတာပေါ့ သွားတော့ နောက်ကျနေမယ် ညကျလဲဂရုစိုက်ပီးပြန်လာနော် "

" ဟုတ်မေကြီး "

.
.

ခမ်းနားလှတဲ့ပွဲအတွင်းရှိ လူများသည်လဲ အပြိုင်အဆိုင်တန်ဖိုးကြီးအပြင်အဆင်များနှင့် ရှိနေကြသည် ..ပုံမှန်အားဖြင့်မိုးသားကဒီလိုပွဲမျိုးတွေတက်ရတာဝါသနာမပါ ကြီးပြင်းခဲ့ရသည့်ဘဝအနေအထားကြောင့်မို့ သူ့အတွတ်စိမ်းနေတာလဲပါသည် ..သို့သော်စီးပွားရေးသမားတယောက်ပေမို့ အလိုက်အထိုက်တော့နေရပေမည် ..စီးပွားရေးလောကတွင် Lwin Groupဆိုတာက လုပ်ငန်းငယ်လေးများတွင်ပင်မသိသူမရှိတာမို့ မိုးသားအားလာရောက်နှုတ်ဆက်သူများလွန်းတာကြောင့် အခုထိမအားသေး .. ပွဲပိုင်ရှင် ဦးသီဟသည်လဲ ဘွားဘွားနှင့်ရင်းနှီးသည့်ဆက်ဆံရေးရှိတာမို့ မိုးသားကိုအရေးပေးဆက်ဆံ‌ပေးသည် ..

She [ သူမ ]Where stories live. Discover now