Part - 12 [Unicode]

5.9K 538 9
                                    

ဖုန်းစခရင်ထဲမှမျက်နှာလှလှအား မိုးသားမျက်တောင်မခတ်ကြည့်နေမိသည် .. နှစ်လိုဖွယ်ဤအပြုံးသည်သူ့အတွတ်ရည်စူးခြင်းမဟုတ်ခဲ့တောင် အခုလိုမြင်တွေ့ခွင့်ရတာကိုပင် ပျော်ရွှင်မိပါသည် .. မနေ့ကပွဲအပီး Media Page တခုမှသူ Saveထားခြင်းဖြစ်သည် .. ဆင်စွယ်ရောင်ပိုးယုံသားလက်ရှည်လေးက  နို့နှစ်ရောင်သူမအသားရည်နဲ့လိုက်ဖက်လွန်းလို့ တသားတည်းလားပင်ထင်မှတ်ရသည် ..

" ဟဲ့ မနေ့ကကိုခန့်ညားနဲ့မမေတို့နှစ်ယောက်က ကြည့်ကောင်းလိုက်တာနော် အရမ်းလိုက်ဖက်တာပဲ "

" ဟုတ်ပ မမေတကယ်လှတယ်နော် အပြင်မှာမမြင်ရတာတောင် အရမ်းကြည့်ကောင်းတာပဲ "

" နှစ်ယောက်စလုံးက Lwin Group နဲ့ Eternal Bright Companyရဲ့ ဆက်ခံသူတွေဆိုတော့လဲ စေ့စပ်ပွဲတောင်စည်ကားလိုက်တာဟယ် မင်္ဂလာဆောင်များဆိုရင်ဘယ်လိုတောင်ခမ်းနားလိုက်မလဲ "

Mondayမနက်ရုံးရောက်သည်နှင့် မနေ့ကကျင်းပခဲ့သည့်စေ့စပ်ပွဲအကြောင်းက တယောက်တပေါက်ပြောနေသည်က မကြားချင်အဆုံးပေ .. မိုးသားသည်လဲမကြားချင်လို့မရ.. ကေသီနှင့်သန္တာမှာ အရင်လိုဆိုသူတို့ကထိပ်ဆုံးကအသံစာနေမှာဖြစ်ပေမယ့် အခုတော့ သူ့ကို စိတ်မကောင်းဖြစ်မှာကိုစိုးရိမ်စွာ ခိုးခိုးကြည့်နေကြသည် ..

" မမေ!! လာပီလား "

မသူဇာရဲ့နှုတ်ဆက်သံကြောင့် မိုးသားလက်ထဲကကြည့်လတ်စဖုန်းလေးအားပိတ်ကာ အသံကြားရာသို့အကြည့်ပို့လိုက်သည် ..

" မမေ Congratulationsပါနော် "

" မမေ မနေ့ကအရမ်းလှတာပဲ ဓာတ်ပုံတွေထဲမှာတောင်တော်တော်ကြည့်ကောင်းတယ် "

တယောက်တပေါက်ချီးကျူးသံ ဂုဏ်ပြုသံတွေကခုနကထက်ပင် ပို၍ထွက်လာကြသည် ..

" ကျေးဇူးပါ .. မသူဇာ ပီးခဲ့တဲ့အပတ်ရဲ့စာရင်းချုပ်လေး မေ့ကိုယူလာပေးပါနော် "

အသက်မပါတဲ့အပြုံးတပွင့်နဲ့ စကားစဖြတ်ကာထွက်သွားသူက မိုးသားရှိရာသို့အကြည့်တချက်တော့ပေးသနားခဲ့သေးသည် .. မိုးသားကတော့သူမ ဝင်လာသည့်အချိန်မှစ၍ မြင်ကွင်းမှပျောက်သွားချိန်အထိ နင့်နင့်နဲနဲကိုငေးကြည့်နေမိပါသည် ..

She [ သူမ ]Where stories live. Discover now