Part - 41 End [Zawgyi]

2K 47 6
                                    

မိုးသား ဆေးရုံကဆင်းတာတပတ်ရှိပီဖြစ်သည် .. ဒီတပတ်အတွင်း လွှာရဲ့ဂရုစိုက်မှုတွေကြား ကလေးငယ်တဦး ပြန်ဖြစ်သွားသလိုခံစားရသည် .. မနက်နိုးချိန် မျက်နှာသစ်ခြင်းမှစ၍ ညအိပ်ချိန် ကိုယ်လက်သန့်စင်ခြင်းအထိ လွှာက ကိုယ်တိုင်ဂရုတစိုက်လုပ်ပေးနေခြင်းကြောင့်ပင် ..

ပြစ်မှုကျုးလွန်သူ ခန့်ညားလွင်မှာ အလုပ်ကြမ်းနှင့်ထောင်ဒဏ်သုံးနှစ်ကျသွားသည် .. ဦးစိုးမိုးလွင်နှင့် ဒေါ်ဟန်နီဝေမှာ သားဖြစ်သူအတွတ် ခွင့်လွှတ်ပေးရန်လာတောင်းပန်ကြသည် .. မိုးသားအနေနဲ့ ကြီးကြီးမားမားစိတ်ဆိုးတာမျိုးမရှိသော်လဲ ဘွားနှင့် လွှာက ဘယ်လိုမှလက်မခံ .. ဒေါ်ဟန်နီဝေ၏ ငိုကြီးချက်မနှင့် အာမခံ ပေးရန်တောင်းပန်ခြင်းကို ဘွားကငြင်းကာ နောင်လာမပတ်သက်ဖို့ပင်ပြောခဲ့သည် .. အမုန်းမပွားတတ်သည့် လွှာသည် ဘွားကိုခွင့်မလွှတ်ပေးဖို့ပြောခဲ့တာမို့ လွှာဘယ်လောက်စိတ်ဆိုးကြောင်းသိသာလှသည် .. ဦးစိုးမိုးလွင်မှာ သူ့သားရဲ့အပြစ်က ခွင့်လွှတ်ဖို့မသင့်တာမို့ရော အမဖြစ်သူ၏စိတ်ကိုလဲသိတာမို့ ဘာမှဝင်မပြော .. နောက်ဆုံးမိုးသားကပင် ဘွားနှင့်လွှာအား အတင်းတောင်းပန်ခဲ့တာမို့ ဒီလောက်ကျခဲ့ခြင်း .. ဒါတောင်ဒေါ်ဟန်နီဝေမှာ ဘွားကိုစိတ်နာသည်ဟု ပြောသွားလိုက်သေးသည် ..

တာဝန်ရှိသူများ၏စစ်ဆေးချက်အရ ခန့်ညားလွင်မှာ စိတ်ကျဝေဒနာကို ခံစားနေရခြင်းပေ .. ပုံမှန်စိတ်အခံက အနေအေးပီး စိတ်ရှုပ်မခံနိုင်သူမို့ မိခင်နှင့်လုပ်ငန်းများ၏ ဖိအားများက သူ့ကိုစိတ်‌ကျရောဂါရစေခဲ့ခြင်းဖြစ်ပီး နောက်ပိုင်းကိုယ့်ကိုကိုယ်ထိန်းချုပ်ဖို့ပင်ခက်ခဲ့သည် .. ထိုနေ့ကဖြစ်သွားခဲ့ခြင်းမှာလဲ စိတ်ဖောက်ပြန်သွားခဲ့ခြင်းမို့ပင် .. ဘယ်သူမပြု မိမိပြု ဆိုသလိုပင် ကိုယ်စိုက်ပျိုးသည့် အသီးအပွင့်ကို ကိုယ်ရိတ်သိမ်းရတာမို့ မိမိရဲ့လောဘကြောင့် သားဖြစ်သူမှာ အခုလိုအဖြစ်မျိုးဖြစ်ခဲ့ခြင်းတာကိုပင် ဒေါ်ဟန်နီဝေမှာ အသိတရားမရသေး .. ဘေးလူတွေကိုပင်မဲနေသေးသည် ..

"မိုးသား ထိုင်နေတာကြာပီ လမ်းနည်းနည်းလျှောက်မလား"

ပြတင်းပေါက်မှတဆင့်လှမ်းမြင်နေရသည့် ညနေဆည်းဆာအလှအား ငေးနေသူမှာ ချစ်ရသူ၏အသံကြောင့်လှည့်လာသည် .. အခုဆိုခွဲစိတ်ထားသည့်နေရာက သက်သာနေပီဆိုသော်လဲ အရှင်းမပျောက်သေးတာမို့ သူ့မှာ အလစ်မပေးရဲ .. ဘာလို့ဆို ကလေးမဟုတ်ပဲ ပြောရခက်သည့် ကောင်မလေးက အနေထိုင်ဆင်ခြင်တာမဟုတ် .. အခုတောင် ဝမ်းဗိုက်ကို ခေါက်ပီးထိုင်နေတာမို့ ချုပ်ရိုးကိုဖိထားသလိုဖြစ်နေမှာပင် .. တခုခုကိုစိတ်ရောက်နေပီဆို ပတ်ဝန်းကျင်ကို မေ့တတ်တာမို့ ဒီနေရာမှာထိုင်နေတာ နာရီဝက်ကျော်ပီဖြစ်သည် .. သူ မခေါ်မချင်းမထမှာသိတာမို့ အညောင်းပြေ လမ်းလျှောက်ခိုင်းရမည် ..

She [ သူမ ]Where stories live. Discover now