Part - 23 [Zawgyi]

1.4K 37 0
                                    

"အဲ့ဒါတော့မဖြစ်ဘူး ..အခုဆောက်မယ့်အဆောက်အဦးက ကျွန်မရဲ့အမျိုးသမီးအတွတ်ရည်ရွယ်ပီး သူတဦးထဲအပိုင်အဖြစ်ထားမှာမို့ ဘယ်ရှယ်ယာရှင်ကိုမှလက်ခံမှာမဟုတ်လို့ပါ.. အဆောက်အဦးရဲ့နံမည် Lက Lwinရဲ့ Lမဟုတ်ပဲ Lwarရဲ့ Lပါ ..ကိုမင်းသဏ္ဍာန်စိတ်မရှိပါနဲ့  တခြားတခုခုနဲ့ညှိပေးလို့များရမလား ကျွန်မဘက်ကကူညီပေးဖို့တောင်းဆိုပါတယ် "

မင်းသဏ္ဍာန် သူ့ရှေ့မြှပတ်သားစွာငြင်းပယ်လိုက်သည့်ကောင်မလေးကိုပြုံးကာကြည့်နေမိသည် ..ရဲရင့်သည် သွက်လတ်သည် ပီးတော့လှပသည် နူးညံ့စွာမဟုတ်ပဲ ဆွဲဆောင်မှုရှိတာမျိုး ..မင်းသဏ္ဍာန်ရဲ့အကြိုက်ကထူးခြားသည် သူမိန်းကလေးတော်တော်များများကိုတွေ့ဖူးသည် အများဆုံးသည်အပြင်ပန်းအသွင်ပြင်နှင့်စိတ်နေစိတ်ထားကမတူကြ ..ဟန်ဆောင်မှုတွေနှင့် သူတို့၏ပုံရိပ်ကိုထိန်းထားကြသည် ..သူတို့၏စိတ်ထဲတွင်သံမှိုစွဲနေသည်က မိန်းကလေးဆိုရင်သိမ်မွေ့ကာထိန်းသိမ်းရမည့်အရာတွေများသည်ဟုပင် ထိုကြောင့်လိုချင်တာကိုပွင့်ပွင့်လင်းလင်းမတောင်းဆိုကြပဲ လှည့်ပတ်နေတတ်ကြသည် ..ဒါကိုမင်းသဏ္ဍာန်တို့ကစိတ်မရှည် ပီးတော့နူးညံ့ပီးမိန်းမအရမ်းဆန်သည့်ပုံစံကိုလဲသူမကြိုက် ..ပြောရရင် အခုသူ့ရှေ့ကကောင်မလေးက သူ့အကြိုက်နဲ့လုံးဝကွက်တိပင် ..စိတ်အလိုမကျစရာတခုက ထိုကောင်မလေးက တရားဝင်အိမ်ထောင်သည်တယောက် ပီးတော့သူ့အိမ်ထောင်ဘက်က မိန်းမတယောက်ဖြစ်နေပီး ထိုမိန်းကလေးတယောက်ကိုပဲ ဘဝတခုလုံးပေးအပ်ထားသည်ကို သူ့မျက်လုံးတွေမှတဆင့် သူ့အပြောတွေမှတဆင့် မြင်လိုက်ရသည် ..

" အဟက် ..မိုးသားက အမျိုးသမီးဖြစ်သူကိုတော်တော်ချစ်ပုံရတယ်နော် ကိုယ်လဲသတင်းတွေတော့ကြားမိပါတယ် အခုမိုးသားကိုတွေ့လိုက်မှ ကြားထားတာကတကယ်မလွန်ဘူးပဲ ဒီလိုဆိုတော့လဲ ကိုယ့်ဘက်ကပဲတထစ်လျှော့ပေးလိုက်ပါ့မယ် ကိုယ်လဲအချစ်ရေးမှာကံကောင်းသွားအောင် ပါရမီဖြည့်ပေးလိုက်တဲ့သဘောမျိုးပေါ့ အခုလောလောဆယ်တော့ Lwin Groupရဲ့လုပ်ငန်းတွေထဲက ကိုယ်သဘောကျမိထားတာမရှိတော့ နောက်မှကိုယ်လေ့လာပီးပြောမယ်လေ အခုကတော့ မြေကွက်စာချုပ်ကို ကိုယ်လက်မှတ်ထိုးပေးလိုက်ပါ့မယ် ကိုယ့်ကြောင့်မိုးသားရဲ့အလုပ်ကကြန့်ကြာနေတယ်မဟုတ်လား "

She [ သူမ ]Where stories live. Discover now