Part - 11 [Zawgyi]

1.2K 24 0
                                    

"ဒီမှာဘာရပ်လုပ်နေတာလဲမိုးသားလွင်လွင်"

" မမ! လာပီလား .. ဒါလေး "

သူ့ကိုမြင်သည်နှင့်ပျော်ရွှင်သွားသောမျက်နှာနှင့်အတူ လက်ထဲမှအထုတ်အားလှမ်းပေးလာသည် ..

" ဒါကဘာလဲ မင်းကိုနောက်တခါဒါမျိုးတွေမဝယ်လာပါနဲ့လို့ပြောထားတယ်လေ "

" ဟုတ်ပါတယ်မမရဲ့ သားမှတ်ထားပါတယ် အခုဟာက စားစရာမဟုတ်ပါဘူး မနက်ကမမကိုကြည့်ရတာ မလန်းဆန်းလို့ ခေါင်းကြည်ဆေးနဲ့ ဓာတ်ဆားရည်လေးဝယ်လာတာပါ "

မေဝင့်လွှာညီသူ့ရှေ့မှကောင်မလေးအား နားမလည်နိုင်တော့.. ဘာလို့အခုလိုတွေလုပ်နေလဲဆိုတာစဉ်းစားလို့မရ .. ဒီကောင်မလေးက နေရာရချင်၍အထက်လူကြီးကိုဖားနေတာမျိုးဆိုရင်တောင် သူနဲ့သက်ဆိုင်တဲ့အထက်လူကြီးတွေကိုဒါမျိုးတွေ လုပ်ပေးတယ်ဆိုတာကိုမကြားမိပေ .. ဘာလို့သူ့ကိုမှလဲ ..

" မိုးသားလွင်လွင် မင်း ကိုယ်လုပ်ရမယ့်အလုပ်ကိုသာအကောင်းဆုံးဖြစ်အောင် လုပ်ပါ.. ငါ့ကိုစိတ်ပူဖို့မလိုဘူး ငါ့ကိုငါဂရုစိုက်နိုင်တယ် နေရာတကာကလေးလိုလုပ်မနေနဲ့ ငါနဲ့ပတ်သက်ပီးဒီလိုတွေလုပ်နေတာ ဒီတခါနောက်ဆုံးဖြစ်ပါစေ နောက်တခါဆိုငါ့အဆိုးမဆိုနဲ့ ငါ့ကိုမှမဟုတ်ဘူး ဘယ်အထက် လူကြီးကိုမှ မင်းအခုလိုလုပ်စရာမလိုဘူး "

ဒုန်း!!! ပိတ်သွားသောတံခါးနှင့်အတူ မိုးသားရဲ့လက်ထဲရှိအထုတ်လေးက လေထဲမှာ .. သူမ ပြောသွားသလို လက်အောက်ငယ်သားအနေနဲ့ အထက်လူကြီးရဲ့အရေးပေးမှုရဖို့ ကြိုးစားခြင်းမျိုးမဟုတ်ရပါ .. သူ့ရဲ့ရင်ထဲက စစ်မှန်စွာဂရုစိုက်ပေးချင်ယုံ .. အသေးဖွားလေးတောင် အထိခိုက်မခံနိုင်လွန်းလို့ လိုလေ သေးမရှိထားပေးချင်ယုံ .. သူတတ်နိုင်တာထက်ပိုတဲ့အရာတွေနဲ့ တန်ဖိုးထားမြတ်နိုးပေးချင်တာပါ ..

'လွှာရယ် သားအခုလိုလုပ်နေတာ‌တွေက လက်အောက်ငယ်သားက အထက်လူကြီးရဲ့မျက်နှာသာရဖို့အတွတ်ကြိုးပမ်းနေမှုမဟုတ်ပါဘူး သားနှလုံးသားကိုလွှာမြင်နိုင်ဖို့ကြိုးစားနေယုံပါ'

.
.

" ဟဲ့ ကြားပီးကြပီလား ဒီတပတ်Sundayကျ ကိုခန့်ညားနဲ့မမေတို့ စေ့စပ်ကြတော့မှာတဲ့ "

She [ သူမ ]Where stories live. Discover now