Part - 31 [Unicode]

11.1K 721 146
                                    

ကျသွားတဲ့ဖုန်းကိုကြည့်ပီး နေရာမှာတင်ရပ်နေမိရာမှ နောက်တကြိမ်ခေါ်ဆိုလိုက်တော့ တဖက်ကဖုန်းမှာကိုင်သူမဲ့နေခဲ့သည် . . ဖုန်းမချခင် ကြားလိုက်ရသည့် သူ့ရဲ့စိုးရိမ်တကြီးခေါ်သံက အခုထိနားထဲကမထွက် . .

ဘာတွေဖြစ်သွားလဲဆိုတာမသိရတော့ စိတ်ပူမိတာအမှန်ပင် . . ဖုန်းကလဲမကိုင်တော့တာမို့ တကယ်ကိုခြေမကိုင်မိလက်မကိုင်မိ . .

ညနေရုံးကပြန်ရောက်တာနဲ့ရေမိုးချိုးပီးထွက်သွားသူက ဘယ်သွားမည်ကိုပြောမသွား . . ကတိကိုတန်ဖိုးထားသည့်လူသားအဖြစ်နံမည်ခံပီး ထမင်းစားဖို့စောင့်နေရမှာလားဆိုသည့် ရယ်စရာအကြောင်းပြချက်နှင့်ဖုန်းဆက်လိုက်ခြင်း . . အခုတော့ဖြင့်တဖက်ကမိန်းကလေးနံမည်ကိုစိုးရိမ်တကြီးခေါ်ကာ ဆက်သွယ်လို့မရတော့သောသူကြောင့် ဖုန်းကိုလက်ထဲကျစ်နေအောင်ကိုင်ထားမိတော့သည် . .

.
.

တဖက်မှာဖုန်းပြောနေစဉ် လက်ဖျံသွေးကြောကိုဓားဖြင့်ဖြတ်ချလိုက်သည်ကို တားချိန်မမှီလိုက် .. မိုက်မဲလိုက်တာဟုအပြစ်တင်ဖို့တောင် မရဲအောင် လက်ထဲမှခန္တာကိုယ်လေးက ပျော့ခွေလို့နေသည် . . တစတစထွက်လာတဲ့သွေးတွေက မိုးသားဖိဆုပ်ကိုင်ထားတာတောင် ရပ်တန့်မသွားတာမို့ ကြောက်ရွံ့လာမိသည် . . ဆက်တိုက်မြည်နေတဲ့ဖုန်းခေါ်သံက လွှာ့ဆီကဆိုတာသိပေမယ့် ဖုန်းကိုင်ဖို့တောင်သူ့လက်တွေကိုလွှတ်ဖို့မဖြစ်နိုင်တာမို့ နောက်မှပဲရှင်းပြလိုက်တော့မည်တွေးကာ .. အရင်ဆုံးသွေးတွေနဲ့ခန္တာကိုယ်ကိုပွေ့လို့ နီးစပ်ရာဆေးရုံဆီသို့ ....

အရေးပေါ်ခန်းရှေ့မှထိုင်ရင်း အသက်အန္တရာယ်ကင်းစေဖို့ ရသမျှဘုရားစာတွေကိုရွတ်နေမိသည် . . နှိုင်းငယ်ဆိုတာသနားစရာကောင်းတဲ့မေတ္တာငတ်မွတ်နေသူတယောက် . . အထီးကျန်ခြင်းမှ အတ္တကြီးခြင်းသို့ရောက်သွားရှာသည့်သူမက လိုချင်တာရဖို့ဆို ကိုယ့်ကိုကိုယ်ထိခိုက်အောင်လုပ်နိုင်သည်အထိကြောက်ဖို့ကောင်းတယ်ဆို သူအခုသိလိုက်ရသည် . .

" မိုးသား!! "

ခေါ်သံကြောင့်ထိုင်ခုံပေါ်ခေါင်းငိုက်စိုက်ထိုင်နေသူက လှည့်ကြည့်လာသည် . . ဝတ်ထားသည့် အဝတ်အစားနှင့် လက်တို့မှာစွန်းထင်းနေသည့်သွေးတွေက ခြောက်လို့ပင်နေသည် . . ဖုန်းလဲမကိုင် ဘာဖြစ်သွားတာမှန်းမသိ လိုက်သွားဖို့ကလဲဘယ်နေရာမှန်းမသိဖြစ်နေချိန် ဖုန်းနံပါတ်အစိမ်းဖြင့်ဝင်လာကာ ပြောလာသည့်စကားကြောင့် အပြေးထွက်လာခဲ့ခြင်း . .

She [ သူမ ]Where stories live. Discover now