Part - 39 [Zawgyi]

1.5K 45 5
                                    

ပူလောင်မွန်းကြပ်သည့်ခံစားချက်က ရင်တခုလုံးရိုက်ခတ်နေတာမို့ .. လက်ရှိလောကကြီးနှင့်အဆက်သွယ်ပြတ်သွားသလို တကိုယ်လုံးကထုံထိုင်းနေကာ မျက်ဝန်းတွေကမျက်ရည်တြွေဖင့်ဝေဝါးနေသည် .. သူမြင်တွေ့လိုက်ရသည့် ပုံရိပ်လေးက ခဏတာဆိုပေမယ့် သူ့မျက်လုံးထဲမှစွဲထင်လို့နေသည် .. သူ့အမျိုးသမီး.. သူ့ကိုသိပ်ချစ်ပါသည်ဆိုသည့် ကောင်မလေးသည် ယောကျာ်းတယောက်၏ရင်ခွင်ထဲဝယ် ခိုဝင်နေတာကို မြင်လိုက်ရသည်က သူ့အတွတ်ကမ္ဘာပျက်ဖို့လုံလောက်သည် .. သူသည်သွေးအေးခဲ့ပါသည် .. ခံစားချက်ကိုထုတ်ဖော်ပြရာမှာ ညံ့ဖျင်းပါသည် .. သို့သော်ဒီလူသားကသူ့ကိုသင်ပြပေးခဲ့သည် .. ချစ်တတ်အောင် .. လွမ်းတတ်အောင် .. ထိုသင်ပြမှုတွေကို သူတတ်မြောက်သည့်အခါမှ အခုလိုရက်စက်လိုက်သည်လား .. သူကိုယ့်သူထက် ဒီကောင်မလေးကိုယုံခဲ့မိသည်က သူ့နှလုံးသားတခုလုံးကို ပေးခဲ့မိခြင်းကြောင့်ပင် ..

မယုံနိုင်သည်ထက်ပိုသည့် သူ့ဦးနှောက်က ဘယ်ကိုဦးတည်ရမှန်းမသိတော့ .. သူဘာဆက်လုပ်ရမလဲ .. ဒီကောင်မလေး၏နှုတ်မှထုတ်ပြောလာမည့်အချိန်ထိ သူရူးနှမ်းစွာစောင့်နေရမလား .. ဒါမှမဟုတ် ဒီကောင်မလေး၏ဖြေရှင်းခြင်း , ဝန်ခံခြင်းကို သိရဖို့ သူ့ဘက်ကထုတ်မေးသင့်လား .. အစွန်းနှစ်ဖက်က သိပ်ကိုကျဉ်းလွန်းလို့ သူအသက်ပင်ရဲရဲမရှုရဲပါ .. အဆုံးသတ်ကိုသူရင်မဆိုင်ရဲ .. သူသိပ်ကြောက်သည် မိုးသားလွင်လွင်နဲ့ဝေးရမှာသူသိပ်ကိုကြောက်ပါသည် .. ဦးတည်ရာမဲ့ ကားလေးက ထိုကောင်မလေးကိုယ်တိုင် ဖန်တီးပေးခဲ့သည့် သူ့ရဲ့ကိုယ်ပိုင်ကမ္ဘာလေးဆီသို့ ..

အခန်းထဲရောက်သည်နှင့် သူ့တကိုယ်လုံးပြိုလဲသွားတော့သည် .. သူ့နှလုံးသားကနာကျင်လွန်းလို့ ရပ်တည်ဖို့ပင်အင်အားမရှိတော့ .. သိပ်ကိုမာနကြီးလှပါသည့်သူသည် အခုတော့ သည်းထန်စွာငိုကြွေးနေမိသည် .. အမြဲ ကိုယ့်ကိုကိုယ်ထိန်းကြောင်းနေခဲ့သည့် တည်ငြိမ်မှုတွေသည် အစပင်ရှာမရအောင် သူ ထိုကောင်မလေးအပေါ်ပြိုလဲနေခဲ့သည် .. ထက်မြတ်ပီး ဖြတ်ထိုးဉာဏ်ကောင်းလှပါသည်ဆိုသည့် သူက အခုဘာကိုမှမတွေးနိုင် ..

" 📱📱📱"

တိတ်ဆိတ်နေသည့်အခန်းထဲ ထွက်ပေါ်လာသည့် ဖုန်းသံအား သူဂရုမစိုက်နိုင် .. အခုချိန်မှာ သူ ဘယ်သူနဲ့မှ စကားမပြောချင် ..

She [ သူမ ]Where stories live. Discover now